အီဖယ်မျှော်စင်နေရာတွင် ၎င်း၏ ရုပ်တုကိုအစားထိုးပေးလျှင် ပီအက်စ်ဂျီ၌ဆက်နေမည်ဟု အီဘရာဟီမိုဗစ် အရွှန်းဖောက်

အီဖယ်မျှော်စင်နေရာတွင် ၎င်း၏ ရုပ်တုကိုအစားထိုးပေးလျှင် ပီအက်စ်ဂျီ၌ဆက်နေမည်ဟု အီဘရာဟီမိုဗစ် အရွှန်းဖောက်

မတ် ၁၄၊ ပဲရစ်။            ။ အီဖယ်မျှော်စင်နေရာတွင် ၎င်း၏ ရုပ်တုကိုအစားထိုးပေးလျှင် ရာသီကုန်၌ ပီအက်စ်ဂျီအသင်းတွင်သာ ဆက်ကစားမည်ဟု အီဘရာဟီမိုဗစ်က အရွှမ်းဖောက်ပြောဆိုလိုက်သည်။

ပီအက်စ်ဂျီက ထရွိုင်ယက်စ်ကို ၉-၀ ဂိုးဖြင့်အနိုင်ရပြီး ရာသီသိမ်းရန် ၈ ပွဲအလိုတွင် ပြင်သစ်လိဂ်-၁ ဖလားလေးနှစ်ဆက်ရရှိခဲ့သည့်ပွဲ၌ လေးဂိုးသွင်းခဲ့သည့် အသက် ၃၄ နှစ်အရွယ် အီဘရာဟီမိုဗစ်က ၎င်း၏အနာဂါတ်နှင့်ပတ်သက်ပြီး ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယင်းပွဲအပြီးတွင် ပီအက်စ်ဂျီဥက္ကဋ္ဌ အယ်ခါလီဖာက ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်မည့် ဆွီဒင်တိုက်စစ်မှူးကို အသင်းတွင်ဆက်ရှိ စေရန်မျှော်လင့်သည်ဟု ပြောဆိုခဲ့သည်။

သို့သော် မန်ယူအပါအဝင် ကလပ်အသင်းများစွာနှင့်သတင်းထွက်နေသည့် အီဘရာဟီမိုဗစ်အနေဖြင့်မူ အသင်းဘက်မှအားကောင်းသည့် အပြောင်းအလဲများပြုလုပ်လာလျှင်ပင် ဆက်မနေချင်သည့် စိတ်သဘောထားကို ထုတ်ပြလာခဲ့ခြင်းဖြစ်သည်။

"အသင်းပရိသတ်တွေနဲ့ ဆက်ဆံရေးကောင်းအမြဲရှိပြီးသားပါ။ အသင်းကလည်း ကျွန်တော့်ကိုအမြဲပဲ ဂရုစိုက်ပါတယ်။ လူတိုင်းနဲ့လည်း ဆက်ဆံရေးကောင်းပါတယ်။ အဲဒါက မေးစရာမလိုပါဘူး။

ဒါပေမဲ့ နောက်ရာသီမှာတော့ ပီအက်စ်ဂျီမှာကျွန်တော်ဆက်ရှိနေမှာ မဟုတ်ပါဘူး။ စာချုပ်သက်တမ်း တစ်လခွဲပဲကျန်ပါတော့တယ်။ ဒီမှာရှိနေစဉ်အတွင်း ပျော်ခဲ့ရပါတယ်။   နောက်ရာသီမှာ ဘာဆက်ဖြစ်မလဲမသိပေမယ့် ဒီမှာတော့ရှိနေတော့မှာ မဟုတ်ပါဘူး"ဟု ဆိုသည့် အီဘရာဟီမိုဗစ်က "အီဖယ်မျှော်စင်နေရာမှာ ကျွန်တော့ရုပ်တုနဲ့သူတို့အစားထိုးပေးမယ် မထင်ပါဘူး။ အသင်းထိပ်ပိုင်းကလူတွေတောင် လုပ်နိုင် မယ်မထင်ဘူး။

ဒါပေမဲ့ သူတို့လုပ်နိုင်မယ်ဆိုရင်တော့ ကျွန်တော်လဲဒီမှာရှိနေမယ်။ ကတိပေးတယ်"ဟု ဟာသနှောပြောဆိုခဲ့သည်။

Ref; dailymail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly