ပြိုင်ဘက်ကို ကိုက်သည်ဆိုသော စွပ်စွဲမှုမှ ဒီယေဂိုကော်စတာလွတ်မြောက်

ပြိုင်ဘက်ကို ကိုက်သည်ဆိုသော စွပ်စွဲမှုမှ ဒီယေဂိုကော်စတာလွတ်မြောက်

မတ် ၁၄၊ လန်ဒန် ။            ။ ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် ပြိုင်ဘက်ကိုကိုက်သည်ဟူသော စွပ်စွဲချက်မှ လွတ်မြောက်ခဲ့သော်လည်း အနီကတ်ပြခံရချိန် တွင်ကွင်းထဲမှ ထွက်ရန်ငြင်းဆန်မှု၊ ပရိသတ်ကိုဆက်ဆံခဲ့သည့် အပြုအမူတို့ကြောင့် ပွဲပယ်ပြစ်ဒဏ် ကျခံရမည့်အရေးကို ဆက်လက်ရင်ဆိုင်ရ ဦးမည်ဖြစ်သည်။

စနေညက ဂွတ်ဒီဆင်ပါ့ခ်တွင်ကစားခဲ့သောပွဲ၌ အဲဗာတန်ကွင်းလယ်ကစားသမား ဘယ်ရီ၏ဂုတ်ကို ဒီယေဂိုကော်စတာက ကိုက်ခဲ့ပုံပေါ်သည့် အတွက် အက်ဖ်အေက စုံစမ်းခဲ့ခြင်းဖြစ်သည်။

ယင်းရုပ်ပုံကို လူမှုကွန်ယက်များတွင်ကျယ်ပြန့်စွာဖော်ပြကြပြီး ဆွာရက်ဇ်နှင့် နှိုင်းယှဉ်မှုများပြုလုပ်ခဲ့ကြသည်။ သို့သော်ပွဲအပြီးတွင် အက်ဖ်အေ မှ တာဝန်ရှိသူများသည် ဘယ်ရီကို ချက်ချင်းဆက်သွယ်မေးမြန်းခဲ့ကြရာ ကိုက်ခံရခြင်းမရှိသည့်အပြင် နှစ်ဦးကြား ရုန်းရင်းဆန်ခတ်လည်း မရှိခဲ့ ဟု ဘယ်ရီက အတည်ပြုဖြေကြားခဲ့သည်။

ထို့ပြင်ယင်းဖြစ်ရပ်နှင့်ပတ်သက်၍လည်း ဘယ်ရီက "ပွဲထဲမှာတုန်းက ကျွန်တော်နဲ့ ဒီယေဂိုကော်စတာကြားက အဖြစ်အပျက်အကြောင်းကို လူပြောသူပြောများနေတာတွေ့ရပါတယ်။ ကော်စတာက ကျွန်တော့်ကို မကိုက်ခဲ့ပါဘူး"ဟု သတင်းထောက်များကို ပြောသည်။

ဆွာရက်ဇ်သည် အိုင်ဗန်နိုဗစ်ကိုကိုက်ခဲ့စဉ်က အက်ဖ်အေ၏ ၁၀ ပွဲပယ်ပြစ်ဒဏ်ချခံခဲ့ရပြီး ကော်စတာမှာမူ ဘယ်ရီ၏ ဖြေရှင်းမှုကြောင့် အလားတူပြစ်ဒဏ်မျိုးချခံရမည်ကို စိုးရိမ်စရာရှိမည် မဟုတ်ပေ။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required