မြန်မာစစ်တပ်က ကလေးစစ်သား ၄၀ ကျော်အား ပြန်လွှတ်ပေး

မြန်မာစစ်တပ်က ကလေးစစ်သား ၄၀ ကျော်အား ပြန်လွှတ်ပေး

မြန်မာ့တပ်မတော်က တပ်တွင်း စစ်မှုထမ်းနေရသည့် ကလေးစစ်သား ၄၆ ဦးအား ပြန်လည်လွှတ်ပေးကြောင်း နိုင်ငံပိုင် The Global New Light of Myanmar သတင်းစာတွင် ဖော်ပြသည်။

မြန်မာ့တပ်မတော်သည် ကလေးစစ်သားများအား စစ်မှုထမ်းနေခြင်းနှင့် မိုင်းရှာဖွေရေးကဲ့သို့ အသက်ဘေးနီးသော လုပ်ငန်းများတွင် စစ်မှုထမ်းခိုင်းခြင်းစသည့် စွပ်စွဲမှုများကို ကြိမ်ဖန်များစွာ ခံနေရခြင်းဖြစ်သည်။

ယခုကလေးငယ်များကို မိသားစုများထံ ပြန်လည်လွှဲပြောင်းပေးမှုကို အရပ်ဖက်တာဝန်ရှိသူများနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်များရှေ့များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းစာတွင် ဖော်ပြသည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံက တပ်မတော်၏ ကလေးစစ်သားစုဆောင်းမှုများ အဆုံးသတ်ရေးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်ရေးအတွက် ကုလသမဂ္ဂနှင့် သဘောတူလက်မှတ်ထိုးခဲ့သည်။ ထိုသို့ သဘောတူလက်မှတ်ရေးမထိုးမီက မြန်မာနိုင်ငံတွင် ကလေးစစ်သားဦးရေသည် ၅၀၀၀ အထက် ရှိကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းက ခန့်မှန်းထားသည်။

အသက်မပြည့်သေးသော ကလေးငယ်များအား စစ်မှုထမ်းခိုင်းခြင်း ပယ်ဖျက်ရေး လုပ်ဆောင်မှုအဖြစ် မြန်မာတပ်မတော်က ပြန်လည်လွှတ်ပေးခဲ့သည့် ကလေးစစ်သားဦးရေသည် ၇၄၄ ဦးရှိသွားပြီဖြစ်ကြောင်း ယင်းသတင်းစာတွင် ဖော်ပြသည်။

Ref: sputniknews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required