ဖေဖော်ဝါရီလ လာလီဂါ အကောင်းဆုံးကစားသမားဆုကို ဗယ်လ်ကာနိုတိုက်စစ်မှူး မီကူး ရရှိ

ဖေဖော်ဝါရီလ လာလီဂါ အကောင်းဆုံးကစားသမားဆုကို ဗယ်လ်ကာနိုတိုက်စစ်မှူး မီကူး ရရှိ

မတ် ၁၃၊ စပိန် ။            ။ ဖေဖော်ဝါရီလအတွက် လာလီဂါအကောင်းဆုံးကစားသမားဆုကို ဗယ်လ်ကာနို တိုက်စစ်မှူး မီကူးက ရရှိသွားခဲ့သည်။

အသက် ၃၀ အရွယ်ရှိ ဗင်နီဇွဲလားတိုက်စစ်မှူး မီကူးသည် ဖေဖော်ဝါရီလအတွင်း ကစားခဲ့သော ပွဲစဉ် ငါးပွဲတွင် သုံးဂိုးသွင်းယူပေးခဲ့သည့်အတွက် ယခုကဲ့သို့ ဆုရရှိခဲ့ခြင်း ဖြစ်သည်။

ဗယ်လ်ကာနိုအသင်းမှာ ထိုငါးပွဲတွင် လေးပွဲသရေကျပြီး တစ်ပွဲ အနိုင်ရကာ ရှုံးပွဲမရှိခဲ့ပေ။ ထို့ကြောင့် ဗယ်လ်ကာနိုအသင်းမှာ တန်းဆင်းဇုန်မှ လွတ်မြောက်ပြီး အဆင့် ၁၆ နေရာတွင် ရပ်တည်လျက်ရှိသည်။

ဖေဖော်ဝါရီလအတွက် လာလီဂါအကောင်ဆုံးနည်းပြဆုကိုမူ ဆိုစီဒက်အသင်းနည်းပြ အူစီဘီယိုဆက်ခရစ္စတန်က ရရှိသွားခဲ့သည်။ ဆိုစီဒက်အသင်းသည် ဖေဖော်ဝါရီလတွင် ကစားခဲ့သော ပွဲစဉ်လေးပွဲတွင် သုံးပွဲနိုင်ပြီး တစ်ပွဲသရေကျခဲ့သည့်အတွက် အူစီဘီယိုမှာ ဆုရရှိခြင်း ဖြစ်သည်။ လက်ရှိတွင် ဆိုစီဒက်အသင်းမှာ အဆင့် ၁၀ နေရာတွင် ရပ်တည်လျက်ရှိသည်။

ရည်ညွှန်း လာလီဂါ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly