DKBA စစ်ဦးစီးချုပ် ဗိုလ်နှုတ်ခမ်းမွှေးခေါ် ဗိုလ်ချုပ်ကြီး စောလာဘွယ် ဆုံးပြီ

DKBA စစ်ဦးစီးချုပ် ဗိုလ်နှုတ်ခမ်းမွှေးခေါ် ဗိုလ်ချုပ်ကြီး စောလာဘွယ် ဆုံးပြီ

DKBA ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွေးအဖြစ် လူသိများသည့် ဗိုလ်ချုပ်နှုတ်ခမ်းမွေးသည် လည်ပင်းကင်ဆာဖြင့် ယနေ့ မတ် ၁၃ ရက်၌ ၎င်းနေထိုင်ရာ ပဲခူးမြို့ရှိနေအိမ်တွင် ကွယ်လွန်ကြောင်း သည်နေးရှင်းသတင်းတွင် ဖော်ပြသည်။ ဗိုလ်နှုတ်ခမ်းမွေး ကွယ်လွန်ချိန်တွင် အသက် ၅၅ နှစ်ရှိသည်။

ဗိုလ်နှုတ်ခမ်းမွေးသည် သုံးနှစ်ကြာ လည်ပင်းကင်ဆာရောဂါကို မြန်မာနှင့် စင်ကာပူတို့တွင် တစ်လှည့်စီ ကုသမှုခံခဲ့ရသူဖြစ်သည်။

ဗိုလ်နှုတ်ခမ်းမွေးက DKBA ဥက္ကဌအဖြစ် အဖွဲ့တည်ထောင်ခြင်း ၂၁ နှစ်မြောက် အခမ်းအနားကျင်းပချိန် ဒီဇင်ဘာ ၂၀ ရက်က တက်ရောက်ခဲ့ခြင်းဖြစ်သည်။

၁၉၉၄ ခုနှစ်က KNU မှ ဗိုလ်နှုတ်ခမ်းမွေးက ခွဲထွက်ခဲ့ပြီး မကြာမတင်မှာပင် စစ်ရေးနှင့် ဘဏ္ဍာရေးအထောက်အပံ့အတွက် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီခဲ့ခြင်းဖြစ်သည်။

DKBA ရုံးချုပ်သည် ထိုင်းနိုင်ငံက တက်ပြည်နယ် နယ်စပ်တစ်ဖက်တွင် တည်ရှိသည်။

DKBA နှစ်ပတ်လည်ကျင်းပပြီးနောက်ပိုင်း ဗိုလ်နှုတ်ခမ်းမွေး၏ အခြေအနေက တစ်စစ ယိုယွင်းလာခြင်းဖြစ်ကြောင်း၊ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကုသကာ ထိုမှ စင်ကာပူဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း သတင်းရင်းမြစ်တစ်ရပ်က ပြောသည်။

၎င်းကို မူးယစ်ဂိုဏ်းများနှင့် ပတ်သက်နေ၍ ဘလက်လစ်စာရင်းအသွင်းခံရပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်း ပိုမိုလူသိများလာခဲ့ခြင်းဖြစ်သည်။

၎င်းသည် ထိုင်းပြည်ထဲရေးဝန်ကြီးဟောင်း Chalerm Yoobamrung ကိုလည်း အင်တာဗျူးဖြေဆိုမှုများတွင် ထိုးနှက်တိုက်ခိုက်ခဲ့သူဖြစ်ပြီး နယ်စပ်စစ်ဆေးရေးဂိတ်ကိုလည်း ပိတ်ထားခဲ့သည်။ ၎င်း၏ တပ်နှင့် ထိုင်းစစ်တပ်တို့ အငြင်းပွားမှုများလည်း ဖြစ်ပွားထားခဲ့သည်။

ထိုင်းအာဏာပိုင်များနှင့် ဆက်ဆံရေး မပြေလည်ခြင်းကြောင့် ထိုင်းနိုင်ငံသို့ ဆေးလာမကုခဲ့ခြင်းလည်းဖြစ်သည်ဟု ယင်းသတင်းရင်းမြစ်က ပြောသည်။

ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်သည့် DKBA သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။

Ref: The Nation 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required