ဘယ်ရီကို ကိုက်ခဲ့ခြင်းမရှိဟု ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာ ဆို

ဘယ်ရီကို ကိုက်ခဲ့ခြင်းမရှိဟု ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာ ဆို

မတ် ၁၃၊ လန်ဒန် ။      ။ ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာက အဲဗာတန်ကွင်းလယ်ကစားသမား ဂါရတ်ဘယ်ရီကို ကိုက်ခဲ့ခြင်း မရှိကြောင်း ပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းက အဲဗာတန်အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် ပြိုင်ဘက်ကွင်းလယ်ကစားသမား ဘယ်ရီကို ကိုက်ခဲ့သည့် မှတ်တမ်း ဓာတ်ပုံများ ပေါ်ထွက်လာခဲ့သည်။ ဓာတ်ပုံများမှာ သဲကွဲခြင်းမရှိသော်လည်း ကော်စတာမှာ ဘယ်ရီ၏ လည်ပင်းကို ကိုက်နေသည့်ပုံပေါ်လျက်ရှိသည်။

ထို့ကြောင့် ကော်စတာကို ဆွာရက်ဇ်လက်သစ်ဟု ခေါ်ဝေါ်လျက်ရှိနေကြသည်။ ကော်စတာသည် ထိုပွဲစဉ်တွင် ဘယ်ရီနှင့် အချင်းများခဲ့ပြီး ပွဲချိန် ၈၄ မိနစ်တွင် နှစ်ဝါတစ်နီဖြင့် ပြိုင်ပွဲမှ ထုတ်ပယ်ခံခဲ့ရသည်။ ကော်စတာကမူ ဘယ်ရီကို ကိုက်ခဲ့ခြင်း မရှိကြောင်း ပြောဆိုထားသည်။

ချယ်လ်ဆီးအသင်း၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ဘယ်ရီနဲ့ ပြဿနာ ဖြစ်ခဲ့ပြီး အနီကတ်ပြသခံခဲ့ရတဲ့အတွက် နောင်တရမိကြောင်း ကော်စတာက အသင်းတာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ ကော်စတာက ဘယ်ရီရဲ့ ဘယ်နေရာကိုမှ ကိုက်ခဲ့ခြင်း မရှိခဲ့ဘူးဆိုတာ ရှင်းပါတယ်” ဟု ပြောသည်။

လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်သည် ၎င်း၏ကစားသမားဘဝတွင် သုံးကြိမ်ကိုက်ခဲ့ဖူးပြီး ချယ်လ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ချ်ကို ကိုက်ခဲ့သည့် အတွက် ၁၀ ပွဲ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရဖူးသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required