ဗန်ဟားလ်နေရာဆက်ခံမည့်စာရင်းတွင် ဘလန့်လည်းအံ့အားသင့်ဖွယ် ပါ၀င်လာ

ဗန်ဟားလ်နေရာဆက်ခံမည့်စာရင်းတွင် ဘလန့်လည်းအံ့အားသင့်ဖွယ် ပါ၀င်လာ

မတ် ၁၃၊ ပဲရစ် ။        ။ ဖိအးဒဏ်ခံနေရသော မန်ချက်စတာယူနိုက်တက်နည်းပြ ဗန်ဟားလ်၏နေရာကို ဆက်ခံဖွယ်ရှိသူများစာရင်းတွင် ပီအက်စ်ဂျီနည်းပြ လောရင့်ဘလန့်လည်း အံ့အားသင့်ဖွယ်ပါဝင်လာသည်ဟု   ဒေးလီးစတားသတင်း တွင်ဖော်ပြထားသည်။

အိုးထရက်ဖို့ဒ်တာဝန်ရှိသူများသည် နယ်သာလန်လူမျိုးနည်းပြဗန်ဟားလ်အပေါ် လူသိရှင်ကြားထောက်ခံမှု များဆက်လက်ပြုလုပ်နေသော်လည်း ၂၀၁၃ တွင်မန်ယူမှထွက်ခွာခဲ့သည့် နောက်ခံလူဟောင်း ဘလန့်သည် မော်ရင်ဟို၊ ရွိုင်ယန်ဂစ်တို့နှင့်အတူ ရေပန်းစားနေခြင်းဖြစ်သည်။

ပြင်သစ်လူမျိုးနည်းပြ ဘလန့်သည် ပြင်သစ်လီဂူး-၁ ဖလားကို ပီအက်စ်ဂျီအသင်းနှင့်အတူ ဆက်တိုက်ရယူ ထားနိုင်သကဲ့သို့ ချန်ပီယံလိဂ်တွင်လည်း ချယ်လ်ဆီးအသင်းကို နှစ်နှစ်ဆက် အနိုင်ယူထားသည်။

မန်ယူအသင်းမှာ နည်းပြဗန်ဟားလ်လက်ထက်တွင် ငွေကြေးများစွာသုံးစွဲပြင်ဆင်ထားသော်လည်း ရလဒ် မကောင်းသောကြောင့် ပရိသတ်အများစုက ဗန်ဟားလ်ကို အလိုမရှိဖြစ်နေကြသည်။
Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly