ထိုင်းနိုင်ငံတွင် အလုပ်သမားများ တင်လာသည့် ဗင်ကားက ဆီတင်ကားကို ဝင်တိုက်ရာ မြန်မာအလုပ်သမားနှစ်ဦး သေဆုံး

ထိုင်းနိုင်ငံတွင် အလုပ်သမားများ တင်လာသည့် ဗင်ကားက ဆီတင်ကားကို ဝင်တိုက်ရာ မြန်မာအလုပ်သမားနှစ်ဦး သေဆုံး

ထိုင်းနိုင်ငံ မောင်းခရိုင်အတွင်း မတ် ၁၂ ရက်က ဆီတင်ထရပ်ကားတစ်စီးကား ဗင်ကားတစ်စီး ဝင်တိုက်မိရာတွင် မြန်မာအလုပ်သမားနှစ်ဦး သေဆုံးပြီးနှင့် အခြားလူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိသည်။

အဆိုပါ ယဉ်တိုက်မှုသည် မယ်ထာအရပ် တက်ခရိုင်နှင့် မဲဆောက်ခရိုင်ချင်းဆက် လမ်း ကီလိုမီတာ ၆၇ နှင့် ၆၈ မိုင်တိုင်အကြားတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ရဲက ပြောသည်။

မဲဆောက်ခရိုင်မှ ရွှေ့ပြောင်းအလုပ်သမားများကို ဆာမတ်ဆက်ခွန်ပြည်နယ်သို့ ဗင်ကားဖြင့် တင်ဆောင်မောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး ခရီးတွင် ဆီတင်ထရပ်ကားနှင့် ခေါင်းချင်းဆိုင် တိုက်မိခဲ့ကြခြင်းဖြစ်သည်။ ယာဉ်တိုက်မှုအရှိန်ကြောင့် နေရာတွင်ပင် နှစ်ဦး ပွဲချင်းပြီး သေဆုံးခြင်းဖြစ်ကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ကယ်ဆယ်ရေးလုပ်သားများက ဒဏ်ရာရသူများအား နီးရာဆေးရုံတစ်ရုံသို့ အမြန်ပို့ဆောင်ခဲ့သည်။

ယာဉ်နှစ်စင်းစလုံးမှ ယာဉ်မောင်းများက ထိခိုက်ဒဏ်ရာရရှိကြခြင်းပဲမရှိဘဲ ၎င်းတို့အား ရဲက စစ်ဆေးမေးမြန်းလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly