ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးပြုလုပ်

ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးပြုလုပ်

ပုဏ္ဏားကျွန်း၊ မတ် ၁၂ ။ ။ ရခိုင်အမျိုးသားပါတီ ဗဟိုအမှုဆောင်ကော်မတီဝင်အချို့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီးခန်းမတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့်ကိစ္စကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာတွင် ရခိုင်အမျိုးသားပါတီ၏ ဗဟိုကော်မတီအစည်းအဝေးကို မတ်လ ၁၂ ရက်နေ့နှင့် ၁၃ရက်နေ့တို့တွင် ပြုလုပ်လျက်ရှိသည်။ 

ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်သည့် ဦးကျော်မြင့်၊ ဦးဦးလှမြင့်၊ ဦးမျိုးကျော်၊ ဦးမျိုးဆွေ၊
ဦးထွန်းရွှေသိန်း၊ ဦးသန်းနိုင်မြင့်တို့က မတ်လ ၆ရက်က ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ပြုလုပ်ရတဲ့ အရေးပေါ်အစည်းအဝေးဟာ ကျွန်တော်တို့ရခိုင်အမျိုးသားပါတီက ဗဟိုကော်မတီဝင် ခြောက်ယောက်က ပါတီရဲ့သဘောဆန္ဒမပါဘဲ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ အပေါ်မူတည်ပါတယ်။ ပါတီဖွဲ့စည်းပုံမှာ ပါတီဝင်တွေအနေနဲ့ သဘောထားကွဲလွဲပိုင်ခွင့်၊ လွတ်လွတ်စွာ ဆွေးနွေးပိုင်ခွင့်တွေရှိပါလျှက်နဲ့ ပါတီဗဟိုက အားလုံးသဘောတူ ထုတ်ပြန်ထားတဲ့ ကြေညာချက်ကို ဆန့်ကျင်ပြီးတော့ အခုလိုမျိုး အများပြည်သူ အမြင်မှားအောင်လုပ်တဲ့ကိစ္စတွေကြောင့် ပါတီကိုထိခိုက်သလို
မဲဆန္ဒရှင်ပြည်သူတွေကို အမြင်မှားအောင်လုပ်တာဖြစ်တယ်။ ” ဟု ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ယင်းအစည်းအဝေးတွင် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်တီတစ်ချို့ ပါတီ မူဝါဒ စည်းမျည်းစည်းကမ်းများကို ဆန့်ကျင်ကာ ပြည်သူကို အမြင်လွဲအောင် ပြုလုပ်ခဲ့၍ ယင်းကိစ္စကို မည်သို့ ဆုံးဖြတချက် ချမှတ်မည်ကို မသိရှိသေးသည့်အတွက် ပါတီ၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် ဗဟိုအလုပ်မှုဆောင် ကော်မတီက အတည်ပြုပြီးမှသာ ထုတ်ပြန်သွားမည်ဟုလည်း ဆိုသည်။

ယနေ့ကျင်းပပြုလုပ်နေသည့် ရခိုင်အမျိုးသားပါတီ၏ ဗဟိုကော်မတီအစည်းအဝေးသို့ ဗဟိုကော်မတီ ၉၂ ဦးတွင် ၄၅ဦး တက်ရောက်ပြီး ၇ ဦးမှာ ပါတီ၏ဆုံးဖြတ်ချက်ကို သဘောတူကြောင်း သဘောထားလွှာပို့ထားသည့်အတွက် ၅၂ ဦးတက်ရောက်သည့်အတွက်
အစည်းအဝေး အထမြောက်ကြောင်း ဦးထွန်းအောင်ကျော်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly