အန်ဂျေဟွန်းနှင့် ကူဟေးဆန်တို့ တွဲနေပြီလို့ အတည်ပြု ပြောကြား

အန်ဂျေဟွန်းနှင့် ကူဟေးဆန်တို့ တွဲနေပြီလို့ အတည်ပြု ပြောကြား

ဆိုးလ်၊ မတ် ၁၂ ။        ။ တောင်ကိုရီးယားမင်းသား အန်ဂျေဟွန်းနှင့် မင်းသမီး ကူဟေးဆန်တို့က ၎င်းတို့နှစ်ဦး တွဲနေ သည်မှာ တစ်နှစ်ထက်မနည်း ကြာပြီဖြစ်ကြောင်း မတ် ၁၁ ရက်က အတည်ပြု ပြောကြားခဲ့သည်။

အန်၏ အေဂျင်စီ HB Entertainment နှင့် ကူ၏ ကုမ္ပဏီ YG Entertainment တို့က  ၎င်းတို့ နှစ်ဦးသည် KBS 2 TV ၏ ဒရမ်မာဇာတ်လမ်းတွဲ “Blood” တွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီးနောက် တွဲနေကြခြင်းဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

“အန်ဂျေဟွန်းနဲ့ ကူဟေးဆန်တို့ဟာ “ Blood” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ပြီး နောက်ပိုင်း မှာ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးရင်းနှီးလာတယ်” ဟု HB Entertainment ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“သူတို့နှစ်ဦး တွဲနေတာ အမှန်ပါပဲ” ဟု YG Entertainment ဝန်ထမ်းတစ်ဦးက ပြောကြား သည်။ အသက် ၂၈ နှစ်အရွယ်ရှိ မော်ဒယ်မင်းသား အန်သည် “Blood” ဇာတ်ကားတွင်  သွေးအေး ဆရာဝန်အဖြစ် သရုပ်ဆောင်ထားကြောင်းနှင့် အသက် ၃၁ နှစ်အရွယ်ရှိ ကူသည် မာနာကြီးသော ဆရာဝန်တစ်ဦးဖြစ်ပြီး ဆေးရုံပိုင်ရှင်၏ တူမအဖြစ် သရုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly