ဟီလာရီကလင်တန်အား ထောက်ခံကြောင်း မင်းသမီးများက ပြောဆိုထားသည့် ဗွီဒီယို အသစ်တစ်ခု ထွက်ပေါ်လာ

ဟီလာရီကလင်တန်အား ထောက်ခံကြောင်း မင်းသမီးများက ပြောဆိုထားသည့် ဗွီဒီယို အသစ်တစ်ခု ထွက်ပေါ်လာ

ရုပ်သံထုတ်လုပ်သူ တစ်ဦးလည်းဖြစ်သည့် စာရေးဆရာမ Shonda Rhimes သည် သူ၏ “Thank God It's Thursday” ရုပ်သံဇာတ်လမ်းတွဲထဲမှ အမျိုးသမီး သရုပ်ဆောင်များနှင့်အတူ ဟီလာရီကလင်တန်အား ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုထားသည့် ဗွီဒီယိုအသစ်တစ်ခုကို သမ္မတလောင်း ဟီလာရီကလင်တန်က ထုတ်ပြန်လိုက်သည်။

ထိုကြော်ငြာဗွီဒီယိုထဲတွင် Rhimes သည် Kerry Washington ၊ Ellen Pompeo နှင့် Viola Davis တို့နှင့်အတူ ပါဝင် ပြောဆိုထားသည်။ Scandal ရုပ်သံစီးရီးထဲတွင် Kerry Washington နှင့် အတူ တွဲဘက် သရုပ်ဆောင်ခဲ့သော မင်းသား Tony Goldwyn က ယခု နိုင်ငံရေးကြော်ငြာ ဗွီဒီယိုကို ရိုက်ကူးပေးခြင်း ဖြစ်သည်။

သရုပ်ဆောင် အမျိုးသမီးများက ၎င်းတို့ သရုပ်ဆောင်ခဲ့သော ဇာတ်ကောင်အမျိုးသမီးများမှာ ထူးချွန်၍ နားလည်ရခက်သူများ ဖြစ်ကြကာ တရားမျှတမှှုအတွက် တိုက်ပွဲဝင်ကြသူများဖြစ်ပြီး၊ ထုတ်ဖော်ပြောဆိုခွင့် မဲ့နေသူများ၏ အသံကို ဆောင်ကြဉ်းပေးကြသူများ ဖြစ်ကြောင်း နိုင်ငံရေး ကြော်ငြာ ဗွီဒီယိုထဲတွင် ပြောခဲ့ကြသည်။ မင်းသမီး Kerry Washington က “ကျွန်မတို့ရဲ့ ဇာတ်ကောင်တွေကတော့ တီဗွီထဲမှာပါ” ဟု ပြောခဲ့သည်။ “တကယ့် အပြင်လောကမှာတော့ ဟီလာရီ ကလင်တန် ရှိနေပါတယ်” ဟုလည်း မင်းသမီးများက တစ်လှည့်စီ ပြောခဲ့ကြသည်။

ကလင်တန်မှာ စစ်မှန်သော နိုင်ငံရေးသမား တစ်ဦးဖြစ်ကာ အမှန်တရားအတွက် တိုက်ပွဲဝင် ရန် အသင့်ရှိနေသူ တစ်ဦးဖြစ်ကြောင်း ဗွီဒီယိုထဲတွင် မင်းသမီးများက ပြောခဲ့ကြသည်။

ထိုဗွီဒီယိုကို https://www.hillaryclinton.com/forms/joinHRC/ တွင် ကြည့်ရှှုနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required