ကလေးမွေးဖွားပြီးပေမဲ့လည်း လှမြဲလှနေတဲ့ မင်းသမီး ပက်ခ်ဂျင်ဟီး

ကလေးမွေးဖွားပြီးပေမဲ့လည်း လှမြဲလှနေတဲ့ မင်းသမီး ပက်ခ်ဂျင်ဟီး

တောင်ကိုရီးယားမင်းသမီး ပက်ခ်ဂျင်ဟီးသည် ကလေးတစ်ယောက် မွေးဖွားပြီးနောက် ခန္ဓာကိုယ်အလှကို နဂိုအတိုင်း ထိန်းသိမ်းထားနိုင်ခြင်းက ပရိတ်သတ်များ၏ အာရုံကို ဖမ်းစားလျက် ရှိသည်။

ဆိုးလ်မြို့တွင် ကျင်းပပြုလုပ်သော “Memory” ဇာတ်ကား ထုတ်လုပ်ရေးဆိုင်ရာ မိတ်ဆက် ခြင်း အခမ်းအနားတွင် ပက်ခ်ဂျင်ဟီးက “ကျွန်မ ကလေးမွေးဖွားပြီးတဲ့ အချိန်ကစလို့ အခုဆိုရင် တစ်နှစ်ခွဲရှိပါပြီ။ ကလေးမွေးဖွားပြီး လေးလ ငါးလလောက်မှာ အနုပညာအလုပ်တွေ ပြန်လုပ်တဲ့သူ တွေကို ကျွန်မ အရမ်းလေးစားမိပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်မ အစားကို နည်းနည်းစားတယ်။ အလုပ်များများလုပ်တယ်။ အထူးသဖြင့် တစ်နေ့ကို ထမင်းသုံးနပ်လုံး မစားခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးကြောင့် ပျော်ရွှင်ပြီး မစားနိုင်တော့ ပါဘူး” ဟု ပက်ခ်ဂျင်ဟီးက အရွှန်းဖောက်၍ ပြောကြားခဲ့သည်။

ပက်ခ်ဂျင်ဟီးသည် ကလေးမွေးဖွားပြီးနောက် “Memory” ဇာတ်ကားကို ရိုက်ကူးရန် ရွေးချယ် ခဲ့ခြင်းဖြစ်ပြီး ယင်းဇာတ်ကားတွင် လီဆောင်မင်နှင့်အတူ သရုပ်ဆောင်လျက် ရှိသည်။ ဇာတ်ကား ပထမပိုင်းကို မတ် ၁၈ ရက် ည ၈ နာရီ မိနစ် ၃၀ အချိန်တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required