ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များအတွက် ငွေကြေးလှူဒါန်းခဲ့တဲ့ ဂျောင်ဂျူဆူ

ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များအတွက် ငွေကြေးလှူဒါန်းခဲ့တဲ့ ဂျောင်ဂျူဆူ

တောင်ကိုရီးယား မင်းသား ဂျောင်ဂျူဆူသည် အိတ်ကုမ္ပဏီ L’inoui နှင့် ဝမ်ငွေသန်း ၅၀ ကို  Miral Welfare ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့သည်။ဂျောင်ဂျူဆူ၏ ပါဝင်လှူဒါန်းမှုသည် မသန်း စွမ်းသော ကလေးငယ် ၁ ဝဦး ခွဲစိတ်မှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

ဂျောင်ဂျူဆူသည် ဖေဖော်ဝါရီ ၂၁ ရက်က  အိတ်ကုမ္ပဏီ  L’inoui နှင့်အတူ လေလံတင်ပွဲတွင် ပါဝင်ခဲ့ပြီး ၎င်းပိုင်ဆိုင်သော ပစ္စည်းပေါင်း ၂၀၀ ကျော်ကို လေလံပွဲတွင် လှူဒါန်းခဲ့ကာ ပရိတ်သတ်များ နှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သည်။

ဂျောင်ဂျူဆူသည် လက်ရှိအချိန်တွင် ဒရမ်မာဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်နေရခြင်း ကြောင့် အလုပ်များလျက် ရှိသော်လည်း ဂျောင်ဂျူဆူသည် ဖောင်ဒေးရှင်းကို လာရောက်ခဲ့ပြီး လှူဒါန်း ခဲ့သည်” ကျွန်တော်တို့ဟာ အရမ်းကိုကောင်းတဲ့ လေလံတင်ပွဲကို လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါကြောင့် လူတိုင်းအတူ ပါဝင် ဆောင်ရွက်စေချင်ပါတယ်။ လူအများ အတူလာရောက်တဲ့အတွက်ကြောင့် အဓိပ္ပါယ်ရှိတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အကူညီလိုအပ်နေတဲ့ ကလေးတွေကို ပိုမို ကောင်းမွန်တဲ့ဘဝကို ထောက်ပံ့ပေးနိုင်တဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်” ဟု ဂျောင်ဂျူဆူက ပြောကြားသည်။

ဂျောင်ဂျူဆူသည် SBS ရုပ်သံ၏ “Daebak” ဒရမ်မာဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွား မည်ဖြစ်ပြီး ယင်းဇာတ်ကား ပထမပိုင်းကို မတ် ၂၈ ရက်တွင်  ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required