ချစ်သူအား ဝေဖန်တိုက်ခိုက်နေကြခြင်းကို ရပ်တန့်ပေးရန် မင်းသား Charlie Hunnam မေတ္တာရပ်ခံ

ချစ်သူအား ဝေဖန်တိုက်ခိုက်နေကြခြင်းကို ရပ်တန့်ပေးရန် မင်းသား Charlie Hunnam မေတ္တာရပ်ခံ

မင်းသား Charlie Hunnam ကြာရှည်စွာ တွဲလာခဲ့သော ချစ်သူဖြစ်သည့် အမျိုးသမီး စီးပွါးရေး လုပ်ငန်းရှင် Morgana McNeils အား အမျိုးသမီး ပရိသတ်အချို့က ဝေဖန်တိုက်ခိုက် ရေးသားနေကြခြင်းကို ရပ်တန့်ပေးကြပါရန် မင်းသား Charlie Hunnam က မေတ္တာရပ်ခံလိုက်သည်။

FX ဒရာမာဖြစ်သည့် Sons of Anarchy ရုပ်သံဇာတ်လမ်းထဲတွင် Jax Teller အဖြစ် သရုပ် ဆောင်ခဲ့သူ Hunnam က၊ သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် “မရင့်ကျက်တဲ့ ကောင်မလေးတွေဟာ ကျွန်တော် ကြာရှည်စွာ တွဲလာခဲ့တဲ့ ချစ်သူကို ရည်ရွယ်တိုက်ခိုက်တဲ့ စာတွေ တင်နေကြပါတယ်” ဟု ရေးသားခဲ့သည်။

McNeils ၏ ရုပ်သွင်သဏ္ဍန်နှင့် ပတ်သတ်၍ လူမှှုမီဒီယာတွင် ပရိသတ်များက ကြမ်းတမ်း သော မှတ်ချက်များ ပေးခဲ့ကြခြင်းဖြစ်ကာ၊ ၎င်းတို့ စုံတွဲနှစ်ဦး၏ ဆက်ဆံရေး အခြေအနေနှင့် ပတ်သတ်၍လည်း ထင်ကြေးများ ပေးခဲ့ကြသည်။

“သူဟာ ကျွန်တော် အရမ်းချစ်ပြီး၊ ကျွန်တော့်ဘဝမှာ ၁၁ နှစ်လောက် အတူတူ အချိန်ကုန်ဆုံး ခဲ့ပြီး နောက်ထပ် နှစ်ပေါင်း ခြောက်ဆယ်လောက် လက်တွဲသွားဖို့ မျှော်လင့်ထားတဲ့ မိန်းကလေးပါ။ ကျွန်တော် အောင်မြင်မှှုနဲ့ ငွေကြေးတွေ မရရှိသေးခင် အချိန်ကာလ အကြာကြီးကတည်းက ကျွန်တော့်အပေါ် သစ္စာရှိတဲ့၊ အားပေးကူညီခဲ့တဲ့ လက်တွဲဖော်ပါ။ ကျွန်တော့်ကို အားပေးချစ်ခင်တယ် ဆိုရင် သူ့ကို ဘာကြောင့် တိုက်ခိုက်ရတာလဲ။ အဲဒါဟာ အဓိပ္ပါယ် လုံးဝ မရှိပါဘူး” ဟု မင်းသားက ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required