Liam Payne က သူ့ထက် အသက် ဆယ်နှစ်ကြီးတဲ့ ချယ်ရီကိုးလ်နဲ့ တွဲနေပါပြီ

Liam Payne က သူ့ထက် အသက် ဆယ်နှစ်ကြီးတဲ့ ချယ်ရီကိုးလ်နဲ့ တွဲနေပါပြီ

ချယ်ရီကိုးလ်နှင့် ၎င်း၏ချစ်သူသစ် Liam Payne တို့သည် မတ် ၉ ရက် ညနေက လန်ဒန်မြို့တွင် ညစာစားပြီးနောက် လက်ချင်းတွဲလျက် ထွက်လာခဲ့ကြောင်းနှင့် ၎င်းတို့နှစ်ဦးကို ကြည့်ရသည် မှာ အရမ်းကို ချစ်နေကြပုံရသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ချယ်ရီနှင့် အသက် ၂၂ နှစ်အရွယ်ရှိ One Direction အဖွဲ့ဝင် Liam Payne တို့သည် ယခုလ အစပိုင်းက အတူနေနေကြပြီဟု ကြေညာခဲ့ပြီးနောက် ပထမဆုံးအကြိမ် အများပြည်သူရှေ့မှောက်တွင် လက်ချင်းတွဲလျက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ချယ်ရီသည် ခန္ဓကိုယ်အလှကို ပေါ်လွင်စေသော အနက်ရောင် အကျီနှင့် ဘောင်းဘီ တစ်ဆက်တည်း ဝတ်စုံကို ဝတ်ဆင်ထားပြီး သားမွှေးဂျာကင်ကို လက်မောင်းတွင် လွှမ်းခြုံထားသည်။ ချယ်ရီသည်  “LOVE” စာသားပါ အရွယ်အစားကြီးလွန်းသော ဆွဲကြိုးကို ဝတ်ဆင်ထားပြီး သစ်သား ဖြင့် ပြုလုပ်ထားသော ဖိနပ်အမြင့်ကို စီးထားသည်။

Liam Payne သည် ချယ်ရီအပေါ်ထားရှိသည့် ခံစားချက်ကို ချယ်ရီကိုးလ်ပုံနှင့်အတူ Instagram တွင် မတ် ၈ ရက်က တင်ခဲ့သည်။ “ဒီကမ္ဘာပေါ်မှာ ကျွန်တော် သဘောအကျဆုံး အမျိုးသမီးဟာ ချယ်ရီကိုးလ် ဖြစ်ပါတယ်။ သူကြောင့် ကျွန်တော် ပျော်ရသလို ကျွန်တော်ကြောင့် သူပျော်ရမယ်လို့ မျှော်လင့်ပါတယ်”ဟု  Liam Payne က ရေးသားထားသည်။

Liam Payne သည် ယခင်က ဆိုဖီယာစမစ်နှင့် နှစ်နှစ်ကြာတွဲခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တို ဘာလတွင် လမ်းခွဲခဲ့ကြသည်။ ဂျေဘီနှင့် ချယ်ရီတို့သည် ၂၀၁၄ ခုနှစ် ဇူလိုင်လက လက်ထပ်ခဲ့ကြ ပြီးနောက် ၁၃ လအကြာ ၂၀၁၅ ခုနှစ် သြဂုတ်လတွင် လမ်းခွဲခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required