ဂျက်ကီချန်းသေပြီလို့ ကောလာဟလထွက်ပြန်

ဂျက်ကီချန်းသေပြီလို့ ကောလာဟလထွက်ပြန်

ဟောင်ကောင်၊ မတ် ၁၀ ။ ။ ကမ္ဘာကျော်ဟောင်ကောင်အက်ရှင်မင်းသား ဂျက်ကီချန်း သေပြီဆိုတဲ့ ကောလာဟလတွေ အင်တာနက်ပေါ်မှာ ပျံ့နှံ့လို့ လာပြန်ပါတယ်။

တရုတ်လူမှုကွန်ယက်စာမျက်နှာတွေထက်မှာ တရုတ်ဘာသာတွေနဲ့ သတင်းအရင်ထွက်ပေါ်ပြီး နောက်ပိုင်းမှာတော့ တခြားနိုင်ငံတွေထိပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ခါမှာ ဂျက်ကီချန်းတစ်ယောက် သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းမှာ ယာဉ်မတော်တဆမှု ဖြစ်ပြီး သေဆုံးသွားတာလို့ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပြီး တစ်ချို့ကလည်း ရုပ်ရှင်ရိုက်ကွင်းမှာ စတန့်ခန်းတွေရိုက်ရင်းသေတာလို့ ဆိုကြပါတယ်။

အခုတစ်ခေါက် ထွက်ပေါ်လာတဲ့ကောလာဟလက အသစ်ဆိုပေမယ့် ၂၀၁၃ ခုနှစ်တုန်းကထွက်ခဲ့တဲ့ ကောလာဟလနဲ့ တည်နေရာချင်းကတော့ အတူတူပါပဲ။

ကောလာဟလတွေထွက်ပေါ်ပြီးမကြာခင်မှာပဲ ထုံးစံအတိုင်းဂျက်ကီချန်းမသေသေးကြောင်း ဓါတ်ပုံသက်သေတွေကို နိုင်ငံတကာ ဖျော်ဖြေရေးသတင်းဌာနတွေမှာ ဖော်ပြခဲ့ကြတာကြောင့် ဂျက်ကီချန်းပရိသတ်တွေ စိတ်အေးသွားကြရပြန် ပါတယ်။

ဂျက်ကီချန်းဟာ ကမ္ဘာကျော်အနုပညာရှင်တွေထဲမှာ သေပြီလို့ သတင်းအထွက်ဆုံးအနုပညာရှင်လို့ သတ်မှတ်ရလောက် အောင်အထိ တစ်နှစ်ကို တစ်ကြိမ်လောက် သူသေပြီဆိုတဲ့သတင်းထွက်ပေါ်လေ့ရှိပါတယ်။

Ref:Kotaku

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required