ဆူးလေဘုရားလမ်းထောင့်ရှိ စုပေါင်းရုံးဟောင်း ငြမ်းပြိုကျရာမှ အမျိုးသားတစ်ဦး ဒဏ်ရာရ

ဆူးလေဘုရားလမ်းထောင့်ရှိ စုပေါင်းရုံးဟောင်း ငြမ်းပြိုကျရာမှ အမျိုးသားတစ်ဦး ဒဏ်ရာရ
ဓာတ်ပုံ-ကျော်စိုးမိုး

ရန်ကုန် ဇွန် ၂၉  ။         ။ လေပြင်းများတိုက်ခတ်သဖြင့် ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းထောင့်ရှိ စုပေါင်းရုံးဟောင်း ပြုပြင်မွမ်းမံရန် ဆင်ထားသည့်ငြမ်း ဇွန် ၂၉ရက် ည အစောပိုင်းက ပြိုကျရာမှ အငှားယာဉ်ပေါ်သို့ကျပြီး ယာဉ်မောင်းတစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဇွန် ၂၉ ရက်၊ ည ၇ နာရီခန့်က မိုးသက်လေပြင်းများတိုက်ခတ်ခဲ့သဖြင့် ကျောက်တံတားမြို့နယ်၊ (၂) ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဆူးလေဘုရား လမ်းထောင့်ရှိ စုပေါင်းရုံးဟောင်း ပြုပြင်မွမ်းမံရန်အတွက် ဝါးလုံး၊ ပိုက်များဖြင့် ဆင်ထားသည့် ငြမ်းပြို ခဲ့ခြင်းဖြစ် သည်။

ယင်းသို့ပြိုကျခဲ့သဖြင့် ကမ်းနားလမ်းအတိုင်းမောင်းနှင်လာသည့် အငှားယာဉ် သုံးစီးပေါ်သို့ ဝါးလုံးများပြုတ်ကျခဲ့ပြီး ထိုသို့ပြုတ်ကျခဲ့ သည့် ဝါးလုံးမှာ အငှား ယာဉ်တစ်စီး၏ ရှေ့မှန်ကိုဖောက်ထွက်ပြီး ယာဉ်မောင်း၏ ပေါင်ကို စိုက်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနတွင် ဆေးကုသမှုခံ ယူနေရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် ကျောက်တံတားမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက " ဖြစ်စဉ်ကိုတော့ သဘာဝဘေး အန္တရာယ် ဖြစ်စဉ်အနေ နဲ့ပဲတင်ပြထားပါတယ်၊ အမှုဖွင့်၊ မဖွင့်တော့လောလောဆယ်မသိသေးပါဘူး၊ စစ်ဆေးဆောင်ရွက်နေ ပါတယ်။ " ဟုပြောသည်။

အဆိုပါအခင်းဖြစ်ပွားမှုကြောင့် ကမ်းနားလမ်းတစ်ဝိုက်တွင် နာရီဝက်ခန့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ သို့ ရဲတပ်ဖွဲများ၊ ယာဉ်ထိန်းရဲများ လာရောက်ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required