အမေရိကန်စစ်လေယာဉ်တစ်စင်း အီရတ်မြောက်ပိုင်းတွင် ပျက်ကျ

အမေရိကန်စစ်လေယာဉ်တစ်စင်း အီရတ်မြောက်ပိုင်းတွင် ပျက်ကျ

ဝါရှင်တန်၊ မတ်၊ ၉ ။              ။ အမေရိကန်စစ်လေယာဉ်တစ်စင်း စနေနေ့က အီရတ်နိုင်ငံ၊ မြောက်ပိုင်းတွင်ပျက်ကျခဲ့ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

ပျက်ကျခဲ့သော လေယာဉ်ပေါ်တွင် တပ်ဖွဲ့ဝင် ၄ ဦးလိုက်ပါသွားသော်လည်း တစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်းနှင့် ယင်းတပ်ဖွဲ့ဝင်များကို စနေနေ့ကပင် ရဟတ်ယာဉ်ဖြင့် ကယ်ဆယ် ခဲ့ပြီး ဖြစ်သည်ဟုလည်း အဆိုပါ အရာရှိက အင်္ဂါနေ့မနက်အစောပိုင်းတွင် ပြောကြားသည်။

မတော်တဆမှုတစ်ခုကြောင့် အီရတ်နိုင်ငံမြောက်ပိုင်းတွင် လေယာဉ်ချို့ယွင်းကာအရေးပေါ်ဆင်းသက်လိုက်ရပြီး အချိန်တို အတွင်းမှာပင် တပ်ဖွဲ့ဝင် ၄ ဦးစလုံးကို အရေးပေါ်ကယ်ဆယ် လိုက်နိုင်ကြောင်း လည်းယင်းအရာရှိက ပြောကြားသည်။

ပျက်ကျခဲ့သောလေယာဉ်မှာ ပန်ကာတပ်တာဗိုဂျက်အင်ဂျင်နှစ်လုံးတပ်လေယာဉ်တစ်မျိုးဖြစ်ပြီး ပျက်ကျရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ် ပြန်ထားသည်။

ဂျော်ဒန်တိုက်လေယာဉ်မှူးတစ်ဦး အီရတ်နိုင်ငံမြောက်ပိုင်းတွင် လေယာဉ်ပျက်ကျကာ ISIS အဖွဲ့၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရပြီးနောက်ပိုင်းတွင် အမေရိကန်စစ်တပ်သည် အီရတ်နိုင်ငံမြောက်ပိုင်းတွင် အရေးပေါ်ကယ်ဆယ်ရေး အစီအမံများတိုးမြှင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required