လေကြောင်းထိုးစစ်အတွင်း IS ထိပ်တန်းခေါင်းဆောင်တစ်ဦးကို သုတ်သင်နိုင်ခဲ့ပြီဟု ယူဆရကြောင်း ကန် ပြော

လေကြောင်းထိုးစစ်အတွင်း IS ထိပ်တန်းခေါင်းဆောင်တစ်ဦးကို သုတ်သင်နိုင်ခဲ့ပြီဟု ယူဆရကြောင်း ကန် ပြော

ဝါရှင်တန်၊ မတ်၊ ၉ ။          ။ ပြီးခဲ့သည့်အပတ်က တိုက်ခိုက်ခဲ့သော လေကြောင်းထိုးစစ် တစ်ခုအတွင်းတွင် ISIS အကြမ်းဖက်အဖွဲ့၏ ထိပ်တန်း ခေါင်းဆောင်တစ်ဦးကိုသတ်ဖြတ်နိုင်ခဲ့ပြီဟု ယူဆရကြောင်း အမေရိကန်စစ်တပ်မှ အရာရှိများက ပြောကြားလိုက်သည်။

သောကြာနေ့က ဆီးရီးယားနိုင်ငံ၊ အယ်လ်ရှက်ဒါဒီမြို့ကို ပစ်မှတ်ထားတိုက်ခိုက်သည့် လေကြောင်းထိုးစစ်အတွင်းတွင် အိုမာ ' The Chechein ' ဟုလူသိများသည့် ISIS ထိပ်တန်းခေါင်းဆောင်တစ်ဦးကို သုတ်သင်နိုင်ခဲ့ခြင်း ရှိ၊မရှိကို အတည်ပြုနိုင်ရန် အမေရိကန်စစ်တပ်နှင့် ထောက်လှမ်းရေးအဖွဲ့များက စစ်ဆေးလျှက်ရှိသည်။

ယခုသုတ်သင်နိုင်လိုက်ပြီဟု ယူဆရသော ISIS ခေါင်းဆောင်၏ နာမည်အပြည့်အစုံမှာ အဘူအိုမာအယ်လ်ရှီရှန်နီ ဖြစ်ပြီး ISIS အဖွဲ့၏ ထိပ်သီးခေါင်းဆောင်တစ်ယောက်ဖြစ်ကာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆုငွေ အမေရိကန် ဒေါ်လာ ၅ သန်းထုတ်ထားသူလည်း ဖြစ်သည်။

အိုမာအယ်လ်ရှီရှန်နီသည် တိုက်ခိုက်ရေးအတွေ့အကြုံကြွယ်ဝကျွမ်းကျင်သူဖြစ်ပြီး ၎င်းမရှိတော့ပါက ISIS အဖွဲ့သည် နိုင်ငံခြားသားတိုက်ခိုက်ရေးသမားများကို စည်းရုံးသိမ်းသွင်းရာတွင်နှင့် ပူးပေါင်း တိုက်ခိုက်မှုစွမ်းရည်ပိုင်းတွင် လျော့ကျ သွားမည်ဖြစ်ကြောင်း ပင်တဂွန်၏ ပြောရေးဆိုခွင့်ရပုဂ ္ဂိုလ် ပီတာကွတ်ခ် က ပြောကြားသည်။

သောကြာနေ့က လေကြောင်းထိုးစစ်အတွင်းတွင် ရှီရှန်နီနှင့်အတူ ISIS တိုက်ခိုက်ရေးသမား ၁၂ ဦးကိုပါ သုတ်သင်နိုင်ခဲ့သည်ဟု ယူဆရကြောင်းလည်း ပီတာကွတ်ခ် က ပြောကြားသည်။

ရှီရှန်နီသည် ၂၀၁၃ ခုနှစ်တွင် ISIS အဖွဲ့သို့ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ရက်ကာမြို့အနီးရှိ နိုင်ငံခြားသား ဓါးစာခံများ ကို ဖမ်းဆီးထားရာ အကျဉ်းထောင်တစ်ခုကို ကြီးကြပ်သူ ဖြစ်လာခဲ့သည်။

ရှီရှန်နီသည် ၂၀၁၄ ခုနှစ်က အီရတ်မှနေ၍ ဆီးရီးယားသို့ လက်နက်နှင့်ယာဉ်များပို့ဆောင်ရန် ညွှန်ကြားခဲ့ဖူးပြီး ISIS အဖွဲ့၏ မြောက်ပိုင်းဒေသတပ်မှူးအဖြစ်သတ်မှတ်ခံရသူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required