မြန်မာသမ္မတ ဦးသိန်းစိန် မွန်ဂိုလီးယားသို့ ရောက်ရှိ

မြန်မာသမ္မတ ဦးသိန်းစိန် မွန်ဂိုလီးယားသို့ ရောက်ရှိ
သမ္မတ ဦးသိန်းစိန် မွန်ဂိုလီးယား ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုမှုကို ခံယူနေစဉ်။ ဓာတ်ပုံ - news.mn

အူလန် ဘာတာ၊ ဇွန်-၂၉ ။        ။ မွန်ဂိုလီးယားသမ္မတ Ts Elbegdorj ၏ ဖိတ်ကြားချက်အရ မြန်မာသမ္မတ ဦးသိန်းစိန် မွန်ဂိုလီး ယားနိုင်ငံသို့ တရားဝင်အလည်အပတ်ရောက်ရှိနေကြောင်း မွန်ဂိုလီးယားသတင်းဝဘ်ဆိုက် news.mn တွင်ဖော်ပြလာသည်။

မြန်မာ သမ္မတတစ်ဦး အနေဖြင့် မွန်ဂိုလီးယားသို့ ပထမဆုံးလာရောက်သည့် သမိုင်းဝင်ခရီးစဉ်ဖြစ်ပြီး၊ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးသောဆက်ဆံရေး ပွင့်ထွန်းလာရေးတွင် အရေးကြီးကြောင်းနှင့် မွန်ဂိုလီးယားနှင့် မြန်မာကြား သံတမန်အဆက်အသွယ်ကို ၁၉၅၆ ခုနှစ်က တည်းက ထူထောင်ထားခဲ့ကြောင်း ဖော်ပြထားသည်။

မွန်ဂိုလီးယားအစိုးရက မြန်မာနှင့် စီးပွားဖက်ဖွဲ့မှုနှင့် စပ်လျဉ်းသော စာချုပ်အချို့ကို လက်မှတ်ထိုးသွားရန် စီစဉ်ထားပြီး၊ အထူး သဖြင့် သတ္တု၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် ပါဝင်ရေးများတွင် ပူးပေါင်းဆောင် ရွက်ရေး ဆွေးနွေးသွားမည်ဖြစ်သည့်အပြင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွေ့အကြုံများကိုလည်း နှစ်နိုင်ငံ အမြင်ချင်း ဖလှယ်ကြမည်ဖြစ်သည်ဟု အဆိုပါ သတင်းဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required