အစ္စရေးအား ဆန့်ကျင်ရန် မွတ်စလင်ကမ္ဘာအား အီရန်တိုက်တွန်း

အစ္စရေးအား ဆန့်ကျင်ရန် မွတ်စလင်ကမ္ဘာအား အီရန်တိုက်တွန်း

တီဟီရန်၊ မတ် ၈ ။            ။ ပါလက်စတိုင်းမြေများကို အစ္စရေးတို့၏ ကျုးကျော်မှုများအား ဆန့်ကျင့်ရေး ခိုင်မာသည့် စည်းလုံးမှုတည်ဆောက်ရန် ကမ္ဘာတစ်လွှားက မွတ်စလင်များအား အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမတ်ဂျာဗက်ဇာရစ်က တိုက်တွန်းသည်။

“မွတ်စလင်များအနေဖြင့် ကျွန်တော်တို့တွေ မတူကွဲပြားမှုတွေကို ဖယ်ထားရမှာဖြစ်ပြီး ကျုးကျော်ခံနေရမှုများ အဆုံးသတ်ရေးအတွက် လက်တွေ့လုပ်ငန်းစဉ်တွေ ဖော်ဆောင်ရမှာပဲဖြစ်ပါတယ်။”ဟု ဇာရစ်က ပြောသည်။

အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင် ကျင်းပသည့် အစ္စလာမ်မစ်ပူးပေါင်းမှုအဖွဲ့အစည်း OIC ၏ ငါးကြိမ်မြောက်ညီလာခံတွင် ပါလက်စတိုင်းအရေးနှင့် ပတ်သက်ပြီး ဇာရစ်က ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

ဂျေရုဆလင်၏ လက်ရှိအနေအထားကို ပြောင်းလဲသွားအောင် အစ္စရေးတို့က တရားမဲ့လုပ်ဆောင်နေမှုများကို တားမြစ်ရန် မွတ်စလင်နိုင်ငံများက လိုအပ်ကြောင်း ဇာရစ်က ပြောသည်။

“နိုင်ငံတကာဥပဒေအခြေခံများကို ချိုးဖောက်ပြီး အစ္စရေးတို့က ပါလက်စတိုင်းပိုင်နယ်များကို ကျုးကျော်ရန်လိုမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required