တစ္ဆေနှင့်ဆင်တူသည့် ရေဘဝဲတစ်မျိုးကို သိပ္ပံပညာရှင်များ တွေ့ရှိ

တစ္ဆေနှင့်ဆင်တူသည့် ရေဘဝဲတစ်မျိုးကို သိပ္ပံပညာရှင်များ တွေ့ရှိ

ဝါရှင်တန်၊ မတ်၊ ၆ ။        ။ ရုပ်ရှင်များ၊ ပန်းချီကားများနှင့် ရုပ်ပြကာတွန်းများတွင် ပုံဖော်ရေးဆွဲလေ့ရှိသည့် တစ္ဆေများကဲ့သို့သော ပုံသဏ္ဍာန်ရှိ သည့် ရေဘဝဲတစ်မျိုးကို သိပ္ပံပညာရှင်များက ဟာဝိုင်အီရေနက်ပိုင်းတွင် စနေနေ့က တွေ့ရှိခဲ့သည်။

သုတေသနလုပ်ငန်းသုံး ရေငုပ်ယာဉ်ငယ်တစ်စီးက သေးငယ်၍ ကြည်လင်နေသော ယင်းတစ္ဆေသဏ္ဍာန် ရေဘဝဲကို ဟာဝေရီယန်ကျွန်းစု အနောက်မြောက်ပိုင်းရှိ နက်ကာကျွန်းအနီး ရေအောက် အနက် ၄ ကီလိုမီတာတွင် မတော်တဆ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါ တစ္ဆေသဏ္ဍာန်ရေဘဝဲငယ်ကို မည်သည့်မျိုးစိတ်မှဟု သတ်မှတ်ခွဲခြားနိုင်ခြင်း မရှိသေးဘဲ လေ့လာနေဆဲ ဖြစ်သည်။

'' ဒီတိရ စ္ဆာန်ရဲ့ပုံစံက မှတ်တမ်းရှိထားပြီးသား ရေသတ္တဝါတွေထဲက တစ်ခုနဲ့မှ မတူပါဘူး။ ပြီးတော့ ဒီလောက်ရေအနက်မှာ ဒီလိုရေသတ္တဝါမျိုးတွေ့တာ ပထမဆုံးပါပဲ '' ဟု အမေရိကန်ပြည်ထောင်စု၏ သမုဒ္ဒရာနှင့်ဝေဟင် စီမံခန့်ခွဲရေး မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်တလောတွင် အဆိုပါသတ္တဝါငယ်မှာ အင်တာနက်လူမှုကွန်ယက်များထက်တွင် Casper the Friendly Ghost ဟူသော အမည်ဖြင့် ရေပန်းစားလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required