လာအို၌ ဇီကာရောဂါ ဖြစ်ပွား

လာအို၌ ဇီကာရောဂါ ဖြစ်ပွား

ခတ္တမန္ဒူ၊ မတ် ၆ ။             ။ ခြင်မှ ကူးစက်သည့် ရောဂါဖြစ်ပြီး ကလေးမွေးဖွားမှုတွင် ထိခိုက်မှုရှိသည့် ဇီကာရောဂါပိုးသည် လာအိုနိုင်ငံသို့ နောက်ဆုံးရောက်ရှိဖြစ်ပွားလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ပြောသည်။

အာရှတွင် ဇီကာပိုးက အနည်းငယ်သာ တွေ့ရှိရသေးသော်လည်း လက်တင်အမေရိက၌ ရောဂါဖြစ်ပွားမှု ထူပြောမှုကြောင့် ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ဖြစ်က ဇီကာရောဂါနှင့် ပတ်သက်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးသတိပေးချက်အဖြစ် ကြေညာခဲ့သည်။

ယခုနှစ်စမှ နောက်ပိုင်း ဇီကာရောဂါဖြစ်ပွားမှု နိုင်ငံ ၄၁ နိုင်ငံရှိထားရာ ယခုအခါတွင် လာအိုပါ ထပ်မံပါဝင်လာပြီဖြစ်ကြောင်း WHO က ပြောသည်။

လာအိုကျန်းမာရေးအာဏာပိုင်များအား ယခုကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းလို့ မရသေးပေ။ အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်လက အသက် ၂၂ နှစ်ရှိအမျိုးသားတစ်ဦးတွင် ဇီကာပိုးတွေ့ရှိပြီး ကုသခဲ့ရသည်။

ထိုင်းပြည်သူကျန်းမာရေးဝန်ကြီးအဖွဲ့က ပြည်သူများအား ကြောက်လန့်ထိတ်လန့်စရာမလိုကြောင်း၊ ၂၀၁၂ ခုနှစ်မှစကာ တစ်နှစ်လျှင် ယင်းကဲ့သို့ ပိုးတွေ့ရှိမှုက ပျှမ်းမျှအားဖြင့် ငါးကြိမ်ခန့်   တွေ့ရှိတတ်ကြောင်း၊ သို့သော်လည်း ကူးစက်ပျံ့နှံ့ခြင်း မရှိခဲ့ကြောင်း တိုက်တွန်းပြောကြားသည်။

ဇီကာပိုးသည် အေဒီးစ်ခြင်မှတစ်ဆင့် ပေါက်ဖွားပြီး ဖျားနာတုပ်ကွေးဖြစ်ပွားစေသည့် ရောဂါတစ်မျိုးဖြစ်သည်။

ဇီကာပိုးကူးစက်ခံရသူမှ မွေးဖွားသားသမီးများသည် ဦးခေါင်းသေးကျုံ့ခြင်းဖြင့် ဦးနှောက်ပျက်စီးမှု ဖြစ်တတ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required