ကုလ၏ ဒဏ်ခတ်အရေးယူမှုအရ မြောက်ကိုရီးယားသင်္ဘောကို ဖိလစ်ပိုင်ထိန်းသိမ်း

ကုလ၏ ဒဏ်ခတ်အရေးယူမှုအရ မြောက်ကိုရီးယားသင်္ဘောကို ဖိလစ်ပိုင်ထိန်းသိမ်း

မကြာသေးမီက ပြုံယမ်း၏ နျူကလီးယားစမ်းသပ်မှုနှင့် တာဝေးပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှုအပေါ် ပြင်းထန်သည့် ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုအရ မြောက်ကိုရီးယားသင်္ဘောတစ်စင်းကို ထိန်းသိမ်းထားကြောင်း ဖိလစ်ပိုင်က မတ် ၅ တွင် ပြောကြားသည်။

မြောက်ကိုရီးယား၏ တန်ချိန် ၆,၈၃၀ရှိ ကုန်သင်္ဘော Jin Teng ကို မြို့တော်မနီလာ၏ အရှေ့မြောက်ဘက်ရှိ ဆူးဘစ်ဆိပ်ကမ်းမှ ထွက်ခွာခွင့်ပြုမည်မဟုတ်ဘဲ သင်္ဘောမှာ ယင်းဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်မှာ သုံးရက်ရှိနေခဲ့သည်။

သင်္ဘောသားများကိုမူ ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း သမ္မတ၏ ပြောခွင့်ရအမျိုးသား မာနိုလိုကွီဇွန်က နိုင်ငံပိုင်ရေဒီယို Radyo ng Bayan မှ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required