ဂျာကာတာမြို့ လယ်တိုက်ခိုက်မှုအတွက် အိုင်အက်စ်က တိုက်ရိုက်ငွေကြေးထောက်ပံ့ခဲ့ဟုဆို

ဂျာကာတာမြို့ လယ်တိုက်ခိုက်မှုအတွက် အိုင်အက်စ်က တိုက်ရိုက်ငွေကြေးထောက်ပံ့ခဲ့ဟုဆို

ဂျာကာတာ၊ မတ် ၅ ။         ။ ဇန်နဝါရီ ၁၄က ဂျာကာတာမြို့လယ်တွင် တိုက်ခိုက်မှုအတွက် အိုင်အက်စ် စစ်သွေးကြွအုပ်စုက တိုက်ရိုက်ငွေကြေးထောက်ပံ့ခဲ့သည်ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖော်ထုတ် ခဲ့သော အထောက်အထားသစ်တွင် ဖော်ပြသည်။ နိုင်ငံအတွင်း အလားတူတိုက်ခိုက်မှုများပြုလုပ်ရန်အတွက်လည်း အင်ဒိုနီးရှားရှိ အခြားအကြမ်းဖက်အဖွဲ့ငယ်နှစ်ခုသို့ အိုင်အက်စ်က ငွေကြေးများ ပို့ပေးခဲ့ သည်ဟု သိရသည်။

၎င်းတို့၏ ပစ်မှတ်များမှာ ရဲစခန်းများ၊ နိုင်ငံတကာကျောင်းတစ်ခုနှင့် ဆိုကာနိုဟတ်တနိုင်ငံတကာလေဆိပ်အပြင် အနောက်နိုင်ငံသားများ သွားရောက်လေ့ရှိသော ဘာလီကျွန်းနှင့် အခြားနေရာများ၊ ဒေသခံရှီးယိုက်လူ့အဖွဲ့အစည်းတို့ဖြစ်သည်ဟု ဂျာကာတာ ရဲတပ်ဖွဲ့အကြီးအကဲ တီတိုကာနေဗီယန်က ပြောသည်။

"ဂျာကာတာတိုက်ခိုက်မှုဟာ ပြည်တွင်းကလူတွေ စီစဉ်ဆောင်ရွက်တယ်လို့ ပြောရင်မှားပါတယ်။ သူတို့ဟာ ကြားကဆက်သွယ်ပေးသူ သုံးဦးကနေတဆင့် အိုင်အက်စ်တွေနဲ့ ဆက်သွယ်ခဲ့ပါတယ်"ဟု ၎င်းကပြောသည်။

၎င်းက အင်ဒိုနီးရှားစစ်သွေးကြွများဖြစ်သော ဘာရွန်နာအင်၊ ဘာရွမ်ဆီယာနှင့် အဘူဂျန်ဒါးလ်ခေါ် ဆာလင်မ်မူဘာရက်အတ္တာမီမီတို့ကို ရည်ညွှန်းပြောကြားခဲ့ပြီး ၎င်းတို့မှာ ဆီးရီးယားနိုင်ငံ ရက္ကာမြို့တွင်ရှိနေကာ အိုင်အက်စ်အတွက် တိုက်ခိုက်ပေးလျက်ရှိသည်။ ၎င်းတို့သုံးဦးမှာ တရားသေဝါဒီ အေမန်အက်ဘ်ဒူရာမန်၏ နောက်လိုက်များဖြစ်သည်။ အေမန်မှာ မကြာသေးမီက ဂျာကာတာတွင် ထောင်မှတိုက်ခိုက်မှုကို ကြိုးကိုင်သည်ဟု သံသယရှိနေသည်။

အိုင်အက်စ်ကို သစ္စာခံထားသော အေမန်သည် တရားမဝင်တင်သွင်းထားသည့် မိုဘိုင်းဖုန်းဖြင့် ၎င်း၏အကျဉ်းထောင်အတွင်းမှနေ၍ အိုင်အက်စ်ခေါင်းဆောင်ပိုင်းနှင့် အဆက်အသွယ်ရှိနေခဲ့သည်ဟု ဆိုသည်။ ငွေများရွေ့လျှားမှုကို ရဲတပ်ဖွဲ့၏ အကြမ်းဖက်တိုက်ဖျက်ရေးတပ်ဖွဲ့ Detachment 88 ၏တပ်မှူးဟောင်းက ဖော်ထုတ်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required