တောင်တွင်းကြီး မီးဘေးသင့်ပြည်သူများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကူညီမည်

တောင်တွင်းကြီး မီးဘေးသင့်ပြည်သူများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကူညီမည်
ဓာတ်ပုံ - ဒေါင်းလူ

မီးလောင်မှုဖြစ်ပွားခဲ့သော တောင်တွင်းကြီးမြို့နယ်၊ ညာဂမိုးအုပ်စု၊ ဖျောက်ဆိပ်ကုန်း ကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စုများ ပြန်လည် ထူထောင်ရေးအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တစ်အိမ် ထောင်လျှင် (၁၂)ပေသွပ်၊အချပ်(၂၀)စီကို မတ်လ(၈)ရက်နေ့တွင် သွားရောက်လှူဒါန်းရန် စီစဉ်လျက်ရှိသည်။

“မိသားစု (၉၀)၏ပြန်လည် ထူထောင်ရေးအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တစ်အိမ်ထောင်လျှင် (၁၂) ပေသွပ် အချပ် (၂၀) စီ ကို ၈.၃.၂၀၁၆ ရက်နေ့တွင် သွားရောက် လှူဒါန်းရန် စီစဉ်လျှက်ရှိပါသည်” ဟု ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်းက ထုတ်ပြန်သည်။

တောင်တွင်းကြီးမြို့နယ်၊ ညာဂမိုးအုပ်စု၊ ဖျောက်ဆိပ်ကုန်းကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ(၂၉)ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးဘေးသင့်ခဲ့သော အိမ်ထောင်စု( ၉၀)၊လူဦးရေ(၃၆၃)ဦးရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required