ဘန်ကောက်တွင် လှေအင်ဂျင်ပေါက်ကွဲ လူ ၅၀ ဒဏ်ရာရ

ဘန်ကောက်တွင် လှေအင်ဂျင်ပေါက်ကွဲ လူ ၅၀ ဒဏ်ရာရ

ဘန်ကောက်၊ မတ် ၅ ။             ။ မတ် ၅ က ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်တွင် အလုပ်သွားအလုပ်ပြန်များစီးနင်းသည့် လှေတစ်စင်းမှ အင်ဂျင်ပေါက်ကွဲသွားခဲ့ရာ လူ ၅၀ဒဏ်ရာရရှိသွားခဲ့ပြီး ခရီးသည်အချို့မှာ မြို့တော်၏ တူးမြောင်းတစ်ခုအတွင်းသို့ ပြုတ်ကျသွားခဲ့သည်။

အဆိုပါလှေမှာ မြို့၏ အရှေ့ပိုင်းဆင်ခြေဖုံးဒေသများရှိ အဓိကရေလမ်းကြောင်းတစ်ခုတွင် ခရီးသည်များ ကြိုပို့လုပ်နေသည့် လှေဖြစ်သည်။ မြို့တော်တွင် ကျယ်ပြန့်သည့် တူးမြောင်းကွန်ရက်ရှိနေပြီး အလုပ်သွားအလုပ်ပြန်ချိန်တွင် ခရီးသည်တင် စက်တပ်လှေများဖြင့် ပြည့်နေလေ့ရှိသည်။ "အခုချိန်အထိတော့ လူ ၅၀ ဒဏ်ရာရရှိထားပြီး ငါးဦးကိုတော့ ဆေးရုံပို့ထားပါတယ်။ သူတို့ထဲက နှစ်ယောက် ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်"ဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာန ကပ်ဘေးကယ်ဆယ်ရေးဋ္ဌာနမှ အရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။

မြို့တော်ရှိ ဧရာဝန်ဆေးရုံကလည်း မတော်တဆဖြစ်ရပ်တွင် အနည်းဆုံး လူ ၅၀ ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ သို့သော်လည်း ဒဏ်ရာများ၏ အခြေအနေနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ရဲတပ်ဖွဲ့က ထုတ်ပြန်သော ဓါတ်ပုံများအရာ ပေါက်ကွဲမှုကြောင့် လှေမှာ လှုပ်ရမ်း၍ ကျယ်လောင်စွာ အသံထွက်ပေါ်ခဲ့သော်လည်း အများအားဖြင့် ပျက်စီးခြင်းမရှိပေ။

ပေါက်ကွဲမှုမှာ လောင်စာယိုစိမ့်မှုကြောင့်ဟု ယုံကြည်ရကြောင်း ဒေသခံရဲမှူးကြီး ဆာရာယုသ်ဂျွန်နာဝပ်က ပြောသည်။ လှေမှာ မြို့၏အချက်အခြာ ဆာအင်ဆာအက်တူးမြောင်းတွင် သွားနေခဲ့ပြီး တူးမြောင်းမှာ နောက်ဆုံးတွင် အဓိကမြစ် ချောင်ပရာယာသို့ ပေါင်းဆုံသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required