တိဗက်သို့ ဒုတိယမြောက်ရထားလမ်း တရုတ်ဖောက်လုပ်မည်

တိဗက်သို့ ဒုတိယမြောက်ရထားလမ်း တရုတ်ဖောက်လုပ်မည်

ပေကျင်း၊ မတ် ၅ ။            ။ တရုတ်နိုင်ငံသည့် အကဲဆတ်သော အစွန်ဖျားဒေသ တိဗက်ဒေသတို့ ဒုတိယမြောက်ရထားလမ်းအဖြစ် အနောက်တောင်ပိုင်း ချန်ဒူမြို့မှ တိဗက်ရှိ မြို့တော် လာဆားသို့ ရထားလမ်းဖောက်လုပ်မည်ဖြစ်ကြောင်း တရုတ်အစိုးရက မတ် ၅ ရက်၌ ပြောသည်။

တရုတ်၏ ထိန်းချုပ်မှုကို မခံယူလို၍ အတိုက်အခံလုပ်ခြင်းများကြောင့်သာမက အိန္ဒိယ၊ နီပေါနှင့် မြန်မာတို့နှင့် အိမ်နီးချင်းဖြစ်ကာ မဟာဗျူဟာကျသည့် ဒေသဖြစ်ခြင်းကြောင့် တိဗက်အရေးသည် မတည်မငြိမ်မှုများ ဆက်လက်မြင့်မားနေဆဲဖြစ်သည်။

၂၀၀၆ ခုနှစ်အတွင်း တရုတ်အစိုးရ၏ ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်အဖြစ် တိဗက် လာဆားမြို့တော်သို့ ရထားလမ်းဖောက်လုပ်ခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၀၀၀ ခန့်မြင့်မားသော ရေခဲဖုံး တိဗက်တောင်ကုန်းများကို ဖြတ်ကာ ဖောက်လုပ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ယင်းရထားလမ်းကြောင့် ရေရှည်ရွှေ့ပြောင်းဝင်ရောက်သူများ အစုအပြုံရောက်ရှိလာပြီး တိဗက်၏ ယဉ်ကျေးမှုကို ခြိမ်းခြောက်ထိခိုက်လာစေမည်ဟု ပြည်ပရောက်တိဗက်များနှင့် အခွင့်အရေး အုပ်စုများက ဝေဖန်ခဲ့ကြသည်။

ယခုရထားလမ်းသစ် ဖောက်လုပ်ခြင်းအား တရုတ်ကွန်မြူနစ်ပါတီနှစ်ပတ်လည်ညီလာခံက ထုတ်ပြန်သည့် ငါးနှစ်တာဖွံ့ဖြိုးမှုစီမံကိန်းသစ်မူကြမ်းတွင် ဖော်ပြပါရှိကြောင်း ဆင်ဟွာသတင်းက ကိုးကားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly