9/11 ဖြစ်ပွားရာ ကမ္ဘာ့ကုန်သွယ်ရေး စင်တာတွင် ကမ္ဘာ့ကုန်ကျစရိတ် အများဆုံး ဘူတာရုံ ဖွင့်လှစ်

9/11 ဖြစ်ပွားရာ ကမ္ဘာ့ကုန်သွယ်ရေး စင်တာတွင် ကမ္ဘာ့ကုန်ကျစရိတ် အများဆုံး ဘူတာရုံ ဖွင့်လှစ်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ 9/11 အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားရာ ကမ္ဘာ့ကုန်သွယ်ရေး စင်တာတွင် ကမ္ဘာ့ကုန်ကျစရိတ် အများဆုံးဘူတာရုံကို ကြာသာပတေးနေ့က ဖွင့်လှစ်လိုက်သည်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ၊ ၁၁ ရက်က အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဖျက်ဆီးခံခဲ့ရ သော အမွှာမျှော်စင် ဘေးရှိ ယင်းဘူတာရုံအတွက် ကုန်ကျစရိတ်စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော်အထိရှိခဲ့ပြီး ဥရောပဗိသုကာ ပညာရှင် တစ်ဦးက ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကမ္ဘာ့ကုန်သွယ်ရေးစင်တာဘူတာသည် တစ်ရက်လျှင် ခရီးသည်ပေါင်း ၂ သိန်းအထိ ဝန်ဆောင်မှုပေးသွားနိုင်မည်ဟု တာဝန်ရှိသူများက မျှော်မှန်းထားသည်။

ယင်းဘူတာရုံကို စပိန်-ဆွစ်ဇာလန်ဗိသုကာပညာရှင် ဆန်တီယေဂိုကာလာထရာဗာက ရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

ဆန်တီယေဂိုကာလာထရာဗာသည်  ပျံတက်တော့မည့် ငှက်တောင်ပံတစ်စုံဟန် ရေးဆွဲထား သော ၎င်း၏ဒီဇိုင်းကို လွန်ခဲ့သော ၁၂ နှစ်ခန့်ကတည်းက ဖော်ထုတ်ပြသခဲ့ခြင်း ဖြစ်သည်။

''ဒါဟာ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အခိုက်အတံ့ပါပဲ။ ဒါဟာ နယူးယောက်မြို့သားတွေ အားလုံးအတွက် လက်ဆောင်မွန်ပါ '' ဟု ဘူတာရုံဖွင့်ပွဲတွင် ဆန်တီယေဂိုကာလာထရာဗာက ပြောကြား ခဲ့သည်။

ဘူတာရုံတည်ဆောက်ရေးအတွက် မူလက ကနဦးဘတ်ဂျက်အဖြစ် ဒေါ်လာ ၂ ဘီလျံသာ ချထားခဲ့သော်လည်း အပြီးသတ်ချိန်တွင် ကုန်ကျစရိတ်စုစုပေါင်းမှာ ဒေါ်လာ ၃ . ၈၅ ဘီလျံအထိ ရှိခဲ့ကာ ကမ္ဘာ့ကုန်ကျစရိတ်အများဆုံး ဘူတာရုံ ဖြစ်လာခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေး စင်တာဘူတာရုံကြီးမှာ ၎င်း၏ အနုပညာမြောက်လှသောလက်ရာ၊ များပြားလွန်းသော ကုန်ကျစရိတ်နှင့် ပြီးစီးရန်သတ်မှတ်ထားသည့် အချိန်ထက်များစွာ နောက်ကျခဲ့ မှုတို့ကြောင့် လက်တလော အငြင်းပွားချင်စရာအကောင်းဆုံး အရေးကိစ္စတစ်ရပ်လည်း ဖြစ်လျှက်ရှိ သည်။

ကမ္ဘာ့ကုန်သွယ်ရေး စင်တာ ဘူတာရုံကြီးကို ကြာသာပတေးနေ့က ဖွင့်လှစ်ခဲ့သည်ဆိုသော် လည်း တစ်စိတ်တစ်ပိုင်းသာ ဖွင့်လှစ်ခဲ့သေးခြင်းဖြစ်ပြီး ဈေးဝယ်စင်တာနှင့် စားသောက်ဆိုင်ပေါင်း စပ်ထားသော ပလာဇာကြီးတစ်ခုမှာ ဆောက်လုပ် နေဆဲဖြစ်ရာ သြဂုတ်လမှ အပြီးသတ် ဖွင့်လှစ်နိုင် မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required