အိုဇေးလ်နှင့် ဝီလျံကိုကျော်ပြီး လန်ဒန်တစ်နှစ်တာ ကစားသမားဆုကို ပေယက်ရရှိ

အိုဇေးလ်နှင့် ဝီလျံကိုကျော်ပြီး လန်ဒန်တစ်နှစ်တာ ကစားသမားဆုကို ပေယက်ရရှိ

မတ် ၄၊ လန်ဒန် ။           ။ ဝက်စ်ဟမ်းကွင်းလယ်လူ ပေယက်သည် အိုဇေးလ်၊ ဝီလျံတို့ကဲ့သို့သော ကစားသမားများကိုကျော်ဖြတ်ပြီး လန်ဒန်တစ်နှစ်တာပရီးမီးယားလိဂ် ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။

ယင်းကွင်းလယ်လူသည်ပြီးခဲ့သည့်နွေရာသီတွင် မာဆေးမှပြောင်းလာပြီးနောက် ဝက်စ်ဟမ်းအသင်းအတွက် ခုနစ်ဂိုးသွင်းကာ ခြောက်ဂိုး ဖန်တီးပေးထားသည်။

ပေယက်သည် အာဆင်နယ်ကစားကွက်ဖန်တီးရှင်အိုဇေးလ်၊ ချယ်လ်ဆီးတောင်ပံလူ ဝီလျံ၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနှင့် ဝက်ဖို့ဒ်တိုက်စစ်မှူး အစ်ဟာလိုတို့ကိုကျော်ပြီး ၂၀၁၅-၁၆ အတွက် တစ်နှစ်တာ အကောင်းဆုံး လန်ဒန်ကစားသမားဆု ရခဲ့ခြင်းဖြစ်သည်။

စပါးနည်းပြပိုချက်တီနိုမှာ အာစင်ဝင်းဂါး၊ ဘီလစ်နှင့် ဆန်းချက်ဇ်ဖလောရက်စ်တို့ကိုကျော်ဖြတ်ပြီး တစ်နှစ်တာအထူးချွန်ဆုံးလန်ဒန်နည်းပြဆု ရရှိခဲ့သည်။

စပါးလူငယ်ကစားသမားအလီက လူငယ်ဆု၊ ပီတာချက်က ဂိုးသမားဆု၊ တယ်ရီက ဂုဏ်ထူးဆောင်ဆုကို အသီးသီးရရှိခဲ့သည်။ အမျိုးသမီးဆု များကိုမူ အာဆင်နယ်နှင့်ချယ်လ်ဆီးကစားသမားများက လွှမ်းမိုးထားနိုင်ခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly