ဥပဒေကြမ်းအတည်မပြုနိုင်အောင် မိန့်ခွန်းများပြောပြီး အချိန်ဆွဲရာတွင် ကိုရီးယားလွှတ်တော်အမတ်များ ကမ္ဘာ့စံချိန်တင်

ဥပဒေကြမ်းအတည်မပြုနိုင်အောင် မိန့်ခွန်းများပြောပြီး အချိန်ဆွဲရာတွင် ကိုရီးယားလွှတ်တော်အမတ်များ ကမ္ဘာ့စံချိန်တင်

ဆိုးလ်၊ မတ်၊ ၃ ။           ။ တောင်ကိုရီးယားနိုင်ငံမှ အတိုက်အခံလွှတ်တော်အမတ်များသည် လွှတ်တော်အတွင်း ဥပဒေကြမ်းများအတည်မပြုနိုင် အောင် အချိန်ဆွဲသည့်နည်းလမ်းတစ်ခုဖြစ်သော မိန့်ခွန်းရှည်ကြီးများဆက်တိုက်ပြောပြီး အချိန်ဆွဲရာတွင် ကမ္ဘာ့စံချိန်တင် ခဲ့သည်။

တောင်ကိုရီးယားအတိုက်အခံလွှတ်တော်အမတ်များသည် စုစုပေါင်း ၁၉၂ နာရီကြာအောင် မိန့်ခွန်းရှည်ကြီးများပြောကာ အချိန်ဆွဲခဲ့ပြီးနောက်တွင် ယင်းစံချိန်မှာ ကမ္ဘာ့စံချိန်သစ်ဖြစ်လာဖွယ်ရှိနေခြင်း ဖြစ်သည်။

အတိုက်အခံအမတ်များသည် တောင်စဉ်ရေမရပြောဆိုခြင်း၊ ဂျော့အော်ဝဲလ်၏ ဝတ္ထုထဲမှ စသားများကို အပိုဒ်လိုက် ရွတ်ပြခြင်း တို့အပါအဝင် နာရီနှင့်ချီသောမိန့်ခွန်းများကို ၉ ရက်နီးပါးပြောဆိုခဲ့ကြသည်။

ထိုကဲ့သို့ပြောဆိုရာတွင် အချို့အမတ်များမှာ ကြာရှည်စွာမတ်တပ်ရပ်၍စကားပြောနိုင်ရန် ကျန်းမာရေးဖိနပ်များကိုပင် စီးလာခဲ့ကြသည်ကိုလည်း တွေ့ရသည်။

အဆိုပါအတိုက်အခံအမတ်များသည် တောင်ကိုရီးယားလွှတ်တော်က အသစ်ပြဌာန်းရန်ပြင်ဆင်နေသည့် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေကြမ်းကို အတည်မပြုနိုင်အောင် အချိန်ဆွဲထားရန်အတွက် ထိုကဲ့သို့ မိန့်ခွန်းများဆက်တိုက်ပြောခဲ့ ကြခြင်း ဖြစ်သည်။

အသစ်ပြဌာန်းမည့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေမှာ တစ်ဦးချင်းလွတ်လပ်မှုကို ထိပါးသည်ဟုဆိုကာ အတိုက်အခံ အမတ်များက ကန့်ကွက်နေခြင်း ဖြစ်သည်။

မိန့်ခွန်းများပြော၍ လွှတ်တော်အတွင်းအချိန်ဆွဲခြင်းဆိုသည်မှာ လွှတ်တော်အစည်းအဝေးအချိန်ပြည့်သည့် အထိ အမတ်များက မိန့်ခွန်းများပြောနေခြင်းဖြင့် ဥပဒေကြမ်းအတည်ပြုရန် မဲမခွဲနိုင်အောင် လုပ်ဆောင်သည့် နည်းစနစ် တစ်မျိုး ဖြစ်သည်။

ယခုတောင်ကိုရီးယားအမတ်များမတိုင်မီက လွှတ်တော်အတွင်း မိန့်ခွန်းများပြောကြား၍ အချိန်ဆွဲရာတွင် စံချိန်တင်ထား သည်မှာ ကနေဒါပါတီတစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်က လွှတ်တော်အစည်းအဝေး ကာလအတွင်း ၅၇ နာရီကြာအောင် မိန့်ခွန်းများ စုပေါင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required