ဟင်္သာတ ချစ်သူလမ်းကြားမှာ လူသေမြုပ်နှံထား

ဟင်္သာတ ချစ်သူလမ်းကြားမှာ လူသေမြုပ်နှံထား

ဟင်္သာတ တက္ကသိုလ် အနောက်ဘက်ရှိ ချစ်သူလမ်းကြားဟု လူသိများသော ဟင်္သာတ မြို့ရှောင်လမ်းတွင် လူသေအလောင်းတစ်ခု မြုပ်နှံထားသည်ကို ယနေ့နံနက်ပိုင်းက ဖော်ထုတ်တွေ့ရှိခဲ့သည်။

နံနက် ၉နာရီခွဲခန့်တွင် လယ်ပိုင်ရှင်ဖြစ်သူမှ ၎င်း၏လယ်တွင် မသင်္ကာဖွယ်တွေ့ရှိရကြောင်း ရပ်ကျေးတာဝန်ရှိသူများအား အကြောင်းကြားခဲ့ပြီး အဆင့်ဆင့် တင်ပြခဲ့သည်။ ထို့ကြောင့် အခင်းဖြစ်ရာနေရာသို့ ဟင်္သာတမြို့မ အမှတ်(၁) ရဲစခန်းမှတာဝန်ရှိသူများ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ဟင်္သာတပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် မြို့နယ် တရားသူကြီးနှင့် နှလုံးလှ နာရေးကူညီမှုအသင်းတို့ နံနက် ၁၁နာရီ၁၅မိနစ် အချိန်တွင် ရောက်ရှိခဲ့ပြီး အချိန် ၂နာရီကြာမျှ တူးဖော်ခဲ့ရသည်။

သေဆုံးသူမှာ ပါးစပ်တွင် တိတ်ပတ် ထားခံရပြီး မြုပ်နှံခံရသည်မှာ ကြာပြီဖြစ်သဖြင့် အသားများ ကျနေကာ တင်ပါးဆုံနှင့် ပေါင်တွင်သာ အသားတစ်ချို့ ကျန်ခဲ့ကြောင်း တွေ့ရသည်။

ကျန်ရှိသော အသားများအရ သေဆုံးသူမှာ အမျိုးသားဟု ယူဆရဖွယ်ရှိပြီး အသားများ ကျနေပြီ ဖြစ်သဖြင့် ၃လခန့်ရှိပြီဟူ၍လည်း အလောင်းကောက်ခဲ့သူ နှလုံးလှနာရေးကူညီမှု အသင်းသား တစ်ဦး၏ ခန့်မှန်းပြောဆိုချက်အရ သိရသည်။

အဆိုပါ ချစ်သူလမ်းကြားတွင် လွန်ခဲ့သောက စုံတွဲတစ်တွဲ အသတ်ခံရပြီး ယင်းလမ်းကြားတွင်ပင် ယခုကဲ့သို့ မြုပ်နှံခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required