ကမ္ဘာ့အဝတ်အထည်များ၏ ၆၀ရာခိုင်နှုန်းကျော်ကို အာရှက ထုတ်လုပ်ပေးတော့မည်

ကမ္ဘာ့အဝတ်အထည်များ၏ ၆၀ရာခိုင်နှုန်းကျော်ကို အာရှက ထုတ်လုပ်ပေးတော့မည်

ဟနွိုင်း၊ ဇွန်-၂၉ ။       ။ အာရှ၏ အဝတ်အထည်ထုတ်လုပ်မှုပမာဏမှာ ၂၀၃၀ခုနှစ်လောက်တွင် ၂ဒသမ၄ ရာခိုင်နှုန်း ပြန့်ကား ကြီးထွားလာဖွယ်ရှိနေသောကြောင့် တစ်ကမ္ဘာလုံး ထွက်ရှိသမျှ အဝတ်အထည်များ၏ ၆၀ရာခိုင်နှုန်းကျော်အထိ ရှိလာမည်ဟုဆို သည်။  

ဗီယက်နမ် ဝါနှင့်ရက်ကန်းအသင်း (Viet Nam Cotton and Spinning Association-VCOSA)၏ ဥက္ကဌ ငုယင် ဗန် တူအန်က ဟနွိုင်းတွင် ပြုလုပ်သည့် ညီလာခံတစ်ခုတွင် ယခုကဲ့သို့ ကြေညာလိုက်ခြင်း ဖြစ်သည်။

ဗီယက်နမ်နှင့် တောင်ကိုရီးယားတို့ ရရှိခဲ့သည့် သဘောတူညီချက်များကဲ့သို့သော လွတ်လပ်စွာ ကုန်သွယ်ရေးသဘော တူညီချက် များက နိုင်ငံကို ကမ္ဘာ့အဝတ် အထည်ထောက်ပံ့မှု၏ အဓိကကျသော နေရာတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ပြီး ပြည်တွင်းအထည် လုပ်ငန်းအတွက်လည်း မဟာအခွင့်အလမ်းကြီးများ ပွင့်လန်းသွားစေခဲ့သည်ဟု တူအန်က ၂၀၁၅ ဗီယက်နမ် အထည်လုပ်ငန်း ညီလာခံတွင် ပြောကြားခဲ့သည်။  

ဤမဟာအခွင့်အလမ်းကြီးများကို အမိအရဖမ်းဆုပ်နိုင်ဖို့အတွက် အားနည်းသည့်နေရာများတွင် နိုင်ငံခြားနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ပြည်တွင်း အထည်အလိပ်ကဏ္ဍအနေဖြင့် အင်တိုက်အားတိုက် လုပ်ဆောင်သင့်သည်ဟု ဗီယက်နမ် အထည်အလိပ်နှင့် အဝတ်တန်ဆာ အသင်းကြီး၏ ဒုဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးဖြစ်သည့် ဒန် ဖြောင်ဒန်း က ပြောကြားလိုက်ပြီး၊ အထည်အလိပ်လုပ်ငန်းရှင်များနှင့် ကုန်ကြမ်းပစ္စည်းထောက်ပံ့သူများကြား နီးနီးကပ်ကပ် ချိတ်ဆက် ထားဖို့လည်း လိုအပ်သည်ဟုဆိုသည်။  

အမေရိကန်ကုမ္ပဏီအတော်များများက TPP သဘောတူညီချက် သက်ဝင်လွှမ်းမိုးလာသည်နှင့် တပြိုင်နက် စာချုပ်ဝင်နိုင်ငံ များမှ ထောက်ပို့ရင်းမြစ်များကို ရယူလိုစိတ်ရှိကြပြီး လုပ်ငန်းသစ်တွေကို ဆွဲဆောင်နိုင်စွမ်းမှာ ဗီယက်နမ်က ထိပ်ဆုံးမှာ ရှိနေသည်ဟု အမေရိကန် ဖက်ရှင်လုပ်ငန်းအသင်းကြီးရဲ့ ဥက္ကဌ ဂျူလီရာ ကေ ဟက်ချ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly