ပဲခူးရိုးမ သစ်တောကြိုးဝိုင်း နှစ်ခုတွင် ပုဒ်မ ၁၄၄ ထုတ်ထား

ပဲခူးရိုးမ သစ်တောကြိုးဝိုင်း နှစ်ခုတွင် ပုဒ်မ ၁၄၄ ထုတ်ထား

ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်မှုများမှ ကာကွယ်ရန် သစ်တော်ကြိုးဝိုင်း နှစ်ခုကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း မတ်လ ၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖေါ်ပြထားသည်။

“ဇာမရီကြိုးဝိုင်း၊ ရွှေလောင်းကိုယ်တူကွဲစလူ ကြိုးဝိုင်း၊ တားမြစ်နယ်မြေအတွင်း သစ်ခုတ်၊ ဝါးခုတ်၊ ထင်း၊ မီးသွေး ထုတ်ယူခြင်းမပြုရန်နှင့် ဝင်ထွက်သွားလာမှုမပြုရန် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်” ဟု ကြေးမုံသတင်းစာက ရေးသားသည်။

သစ်တောထွက် ပစ္စည်းများဖြစ်သော မီးသွေး၊ ဝါး၊ ထင်းနှင့် သစ်တောမှ ထွက်ရှိသော တိရစ္ဆာန်ပစ္စည်း မျိုးစုံတို့ကို ထုတ်လုပ်ရောင်းဝယ်ခြင်းအား သစ်တော်ရေးရာ ဝန်ကြီးဌာနမှ ခွင့်ပြုချက် ယူပြီးမှသာ တရားဝင် သစ်ထုတ်နိုင်သည်ဟုလည်း ဖေါ်ပြထားသည်။

အလားတူ ပဲခူးမြို့နယ်အတွင်း ဇောင်းတူနှင့် တိုက်ကြီးတို့တွင် သစ်တောထွက် ပစ္စည်းများ အများအပြား တရားမဝင် ဝင်ရောက် လုပ်ကိုင်နေခြင်းဖြစ်ရာ ယခုအကြိမ် မြို့နယ် သစ်တောမှ သစ်တော ဥပဒေဖြင့် ပြင်းပြင်းထန်ထန် အရေးယူဖွယ်ရာ ရှိနေသည်ဟုလည်း အဆိုပါသတင်းက ရေးသားသည်။

”ဇောင်းဖျား ဇောင်းတူ၊ တိုက်ကြီးဇီးတောဘက်မှာ အဓိက ခုတ်နေတာ ကျွန်းပင်တွေ မြင်မကောင်းဘူး၊ ဘောနတ်ကြီး၊ သစ်ဆိပ်ပင်က လမ်းဆုံနေရာဖြစ်တယ်၊ အမြန်လမ်းမကို အသုံးပြုတယ်၊ နေ့ခင်းဘက် ကားတွေကို ရွာတွေထဲ ဝှက်ထားပြီး ညဘက်မှတင်ကြတယ်။ စူပါ ကာစတန် ကာတွေနဲ့ တင်တာပါ” ဟုလည်း ဒေသခံ သစ်လုပ်ငန်းရှင် တစ်ဦး၏ ပြောဆိုမှုကို ကိုးကားရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags