လပွတ္တာတွင် ပုဒ်မ ၁၄၄ ပြန်လည် ရုပ်သိမ်း

လပွတ္တာတွင် ပုဒ်မ ၁၄၄ ပြန်လည် ရုပ်သိမ်း

ပုသိမ်၊ မတ် ၂ ။ ။ လပွတ္တာမြို့၊ မီးလောင်မြေဧရိယာအတွင်း မြို့ပြအင်္ဂါရပ်များနှင့်အညီ လုပ်ငန်းများစဉ်များ အေးချမ်းစွာဆောင်ရွက်နိုင်၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အား ပြန်လည်ရုတ်သိမ်းကြောင်း မတ်လ ၂ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးမှ ထုတ်ပြန်သည်။

မီးလောင်ဆုံးရှုံးခဲ့သော အိုးအိမ်အဆောက်အဦးများ ပြန်လည်တည်ဆောက်ခြင်း နှင့်ပတ်သက်၍ မီးလောင်မြေပြန်လည်ချထားရေးကော်မတီ နှင့် နေအိမ်ပိုင်ရှင်များအကြားတွင်လည်းကောင်း၊ မီးဘေးသင့်အိမ်ရှင်များ အချင်းချင်းကြားတွင်လည်းကောင်း သဘောထား ကွဲလွဲမှုများ၊ ခွင့်ပြုချက်မတောင်းဘဲ အဆောက်အဦး ပြင်ဆင်ဆောက်လုပ်ခြင်းများ ရှိခဲ့သဖြင့် ပုဒ်မ ၁၄၄ကို ဖေဖော်ဝါရီ ၂၆ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ယခုအခါ လပွတ္တာမြို့ အမှတ် ၁၊ ၄၊ ၅ ရပ်ကွက်မျးတွင်  မြို့ပြအင်္ဂါရပ်များနှင့်အညီ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ အေးချမ်းသာယာစွာ ပြန်လည်ဆောင်ရွက်နိုင်ပြီဖြစ်၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ကို အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ပြန်လည် ရုပ်သိမ်းခြင်းဖြစ်သည်။

လပွတ္တာမြို့တွင် ဖေဖော်ဝါရီလ ၄ရက် ညက မီးလောင်မှုကြောင့် နေအိမ် နှင့် ဆိုင်ခန်း၂၀၀ ဝန်ကျင် မီးဘေးသင့်ခဲ့ပြီး၊ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၂၇သန်းကျော် ဆုံးရှုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required