အော်စကာဆုပေးပွဲတွင် လီယိုနာဒို ဒီကာပီရို အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆု ရရှိ

အော်စကာဆုပေးပွဲတွင် လီယိုနာဒို ဒီကာပီရို အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆု ရရှိ

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၉ ။            ။ ဟော်လီးဝုဒ်မင်းသားကြီး လီယိုနာဒို ဒီကာပီရိုသည် ဖေဖော်ဝါရီ ၂၈ ရက်ကကျင်းပပြုလုပ်သော ၈၈ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် “ The Revenant” ရုပ်ရှင်ကားဖြင့် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပြီး ယင်းဆုသည် ၎င်း၏ပထမဆုံး အော်စကာဆုဖြစ်သည်။

အသက် ၄၁ နှစ်အရွယ်ရှိ ဒီကာပီရိုသည် ယခင်က အော်စကာဆုအတွက် လေးကြိမ်နာမည်စာရင်းတင်သွင်းခံခဲ့ရဖူးသည်။ နောက်ဆုံးတွင် လီယိုနာဒိုသည် ယခုနှစ်အော်စကာဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

လီယိုနာဒိုသည် “ The Revenant” ရုပ်ရှင်ကားတွင်  ဝက်ဝံကုတ်ခံရမှုကြောင့် သေပြီထင်ကာ အပေါင်းအဖော်များကာ ရေခဲပြင်တွင်ထားရှိခဲ့သည့် သားမွေးရရှိရန်အတွက် တိရစ္ဆာန်များကို ထောင်ဖမ်းသည့် မုဆိုးအဖြစ် သရုပ်ဆောင်ထားသည်။

ဗြိတိန်မင်းသား မက်ခ်ရိုင်းလက်စ်သည် စစ်အေးဒရမ်ကား “ Bridge of Spies” ဖြင့် အကောင်းဆုံးဇာတ်ပို့မင်းသားဆုကိုရရှိခဲ့ပြီး ပထမဆုံးအကြိမ် အော်စကာဆုကို ရရှိခဲ့သည်။ဗြိတိန်အဆိုတော် ဆမ်စမစ်သည်  ဂျိမ်းစဘွန်းရုပ်ရှင် ဇာတ်ဝင်တေးသီချင်း “ Writing on the Wall”  ဖြင့် အကောင်းဆုံးဇာတ်ဝင်တေးသီချင်းဆုကို ရရှိခဲ့သည်။

“ Inside Out” ရုပ်ရှင်ကားသည် အကောင်းဆုံး အထူးပြုလုပ်ချက်အန်နီမေးရှင်း ရုပ်ရှင်ဆုကို ရရှိခဲ့ကြောင်း နှင့် “ The Danish Girl” ဇာတ်ကားဖြင့် ဆွီဒင် မင်းသမီး အဲလစ်စီအာဗီကန်ဒါသည် အကောင်းဆုံး ဇာတ်ပို့ သရုပ်ဆောင်မင်းသမီးဆုကိုရရှိခဲ့သည်။

The Revenant ဇာတ်ကားမှ ဒါရိုက်တာ Alejandro G.Inarritu က အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့သည်။ဟန်ဂေရီရုပ်ရှင်ကား “ Son of Saul”သည် အကောင်းဆုံး နိုင်ငံခြားဘာသာစကားရုပ်ရှင် ဆုကို ရရှိခဲ့ကြောင်း နှင့် ယင်းဇာတ်ကားသည် နာဇီသေဒဏ်ကျစခန်းတွင် အလုပ်လုပ်ရန် ဖိအားပေးခံရသော ဂျူးအမျိုးသားတစ်ဦးက ၎င်း၏သားဖြစ်သူဟုယူဆရသော ယောင်္ကျားလေးအတွက် ဘာသာရေးဆိုင်ရာ မြေမြုပ်သဂြိုလ်မှုလုပ်ဆောင်ရန် ကြိုးပမ်းသောအကြောင်းကို ပုံဖောက်ရိုက်ကူးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly