MPU ကဒ်များ၏ နောက်ကွယ်မှ နည်းပညာ ပ့ံပိုးပေးနေသူ ဦးအောင်ကျော်မိုးနှင့် တွေ့ဆုံခြင်း

MPU ကဒ်များ၏ နောက်ကွယ်မှ နည်းပညာ ပ့ံပိုးပေးနေသူ ဦးအောင်ကျော်မိုးနှင့် တွေ့ဆုံခြင်း
ဓာတ်ပုံ- သက်ကို(မဇ္စျိမ)

မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ယင်း၏ ငွေသားအခြေခံစီးပွားရေးကို ဘဏ္ဍာရေးဝန်ဆောင်မှုမှ ပြန်လည်စတင်ဖို့ ချိန်ခွင်လျှာညှိုနေသည်။ ထို့သို့လုပ်ဆောင်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အဦး ပြင်ဆင်တာတွေကို အရေးတကြီးလုပ်ကိုင်လာနေကြသည်။ ယခုအခါ မြန်မာနိုင်ငံသားများသည် နှစ်အတော်ကြာ အိပ်ရာအောက်တွင် သိမ်းထားခဲ့ကြသောငွေကြေးများကို ဒီဂျစ်တယ်ငွေပေးချေမှုကဒ် (Digital Payment Card)များကိုဘဏ္ဍာများတွင် ပြုလုပ်ပြီးသုံးစွဲလာကြသည်။

တစ်ဘက်တွင် မြန်မာနိုင်ငံတွင်းသို့ နိုင်ငံတကာမှ Visaနှင့် Master ကဒ်စသည့် နိုင်ငံတကာမှ လက်ခံသော ငွေချေကဒ်များ ဝင်ရောက်လာခဲ့သော်လည်း တွင်တွင်ကျယ်ကျယ် အသုံးမပြုကြသည်များကိုလည်းတွေ့ရသည်။ လွန်ခဲ့သော ၅နှစ်အတွင်း ဗဟိုဘဏ်၏ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတစ်ချို့ကြောင့် မြန်မာနိုင်ငံအတွင်း လည်ပတ်သုံးစွဲနိုင်သော Myanmar Pay Union (MPU) ကဒ်များကိုလည်း တွေ့မြင်လာနေရသည်။ အများစုကထိုကဒ်များဖြင့် ATM စက်တွင် ငွေသားထုတ်ယူခြင်းမျိုးလောက်သာ အသုံးပြူကြတာများပြီး POS စနစ်ဖြင့် ငွေသားပေးချေခြင်းနှင့် စီးပွားရေးအရ အသုံးပြုခြင်းမျိုးကနည်းပါးနေသည်။

ယခုတစ်ပတ်၏ 7 Minutes အစီအစဉ်တွင် မဇ္ဈိမက အရှေ့တောင်အာရှ၏ ငွေပေးချေစနစ်ထဲတွင် ရှေှုဆောင်နည်းပညာကုမ္ပဏီဖြစ်သည့် 2C2Pကုမ္ပဏီ၏ တည်ထောင်သူဖြစ်သလို CEOတစ်ဦးလည်းဖြစ်သည့် ဦးအောင်ကျော်မိုးနှင့် ဆွေးနွေးထားသည်များကို ဖော်ပြလိုက်သည်။

မဇ္ဈိမ။  ။ လက်ရှိအခြေနေမှာက မိုဘိုင်းဖုန်းသုံးစွဲမှုတွေကလည်း ကျွန်တော်တို့ နိုင်ငံထဲမှာတော်တော့်ကို များလာတယ် ခင်ဗျ။ Ericsson နည်းပညာကုမ္ပဏီရဲ့ ၂၀၁၅ခုနှစ် နောက်ဆုံးအပတ်ထဲမှာ ထုတ်ပြန်တဲ့ စစ်တမ်းတွေမှာကမ္ဘာမှာဆိုရင် မိုဘိုင်းဖုန်းသုံးစွဲမှုက ၈၇သန်းတောင် ဖြစ်လာတယ်။ အဲဒီ့ထဲက ၆ရာခိုင်နှုန်းနီးပါးက မြန်မာနိုင်ငံကလို့ ပြောတယ်ခင်ဗျ။ ကမ္ဘာအရဆိုရင်   မြန်မာနိုင်ငံကအဆင့်လေးနေရာမှာ ရှိတယ်လို့တောင် ပြောလို့ရတယ်ခင်ဗျ။ မြန်မာပြည်မှာဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးဖို့ အတွက်ကိုလည်းတော်တော်လေးကိုအထောက်အကူပြုလာတဲ့ အချိန်မှာဒီစနစ်ကနေ E-commerce နဲ့ဒီဂျစ်တယ် စီးပွားရေးတွေ ဖြစ်လာဖို့ကလည်း အခွင့်လမ်းတွေမြင်နေရပြီလားခင်ဗျ။

2C2P။ ။ E-commerce အတိုင်းပြောရမယ်ဆိုလို့ရှိရင်တော့ E-commerce ဟာလောလောဆယ် နိုင်ငံတကာမှာအရင်တုန်းကထက်ကိုတစ်ဖြည်းဖြည်း Mainstream  ဖြစ်လာပါတယ်ခင်ဗျ။   နိုင်ငံတကာမှာဆိုလို့ရှိရင် ၁၀ ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှုန်းကE-commerceကနေတစ်ဆင့် Transaction တွေတိုးနေတာကိုတွေ့ရပါလိမ့်မယ်။ မြန်မာပြည်မှာတော့ လောလောဆယ် ကနဦးအစပျိုးနေတဲ့ အဆင့်မှာပဲရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ထင်တာကတော့ မိုဘိုင်းဖုန်းလိုပဲသုညကနေအများကြီးရောက်လာသလိုပဲE-commerceကလည်းအခွင့်အရေးတွေ အများကြီးရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

မဇ္ဈိမ။ ။အချိန်အတော်ကြာအောင် အိပ်ရာအောက်မှာသိမ်းထားတဲ့ ပိုက်ဆံတွေကိုအခုဆိုရင် Credit card တွေ Debit card လုပ်လာကြပြီးအသုံးပြုလာကြတာကိုတွေ့ရတယ်ခင်ဗျ။ ဒီကဒ်တွေနဲ့ ဘယ်နေရာတွေမှာအသုံးပြုနေကြပြီလဲဆိုတာကိုတွေ့မြင်ရလဲခင်ဗျ။

2C2P။ ။ နိုင်ငံတကာနဲ့ယှဉ်ပြီးပြောမယ်ဆိုရင် ဒီလိုကဒ်တွေကနေ့စဉ်သုံးကဒ်တွေဖြစ်နေပါပြီခင်ဗျ၊ နေ့စဉ် ဈေးသွားဝယ်တာကအစ၊ အနီးအနားကကုန်စုံဆိုင်တွေမှာ ဟင်းသီးဟင်းရွက်သွားဝယ်တာကအစ အဲလိုကဒ်တွေနဲ့ပေးချေနေကြပါပြီ။ လောလောဆယ်တော့ ကျွန်တော်တို့နိုင်ငံကနောက်မှစခဲ့တဲ့အတွက် အဲဒိအနေအထားထိတော့ မရောက်သေးပါဘူး၊ ဒါပေမယ့် အွန်လိုင်းကနေတစ်ဆင့် ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေမှာစပြီးသုံးနေတာ ကျွန်တော်တို့ မြင်တွေ့ရပါလိမ့်မယ်။

မဇ္ဈိမ။ ။ 2C2P ကုမ္ပဏီက ငွေသားအခြေခံစီးပွားရေးကနေ ဒီဂျစ်တယ်စီးပွားရေးဖြစ်လာဖို့ နည်းပညာအကူအညီပေးတဲ့ နေရာမှာ လုပ်ဆောင်နေတယ်ဆိုတော့ ကုမ္ပဏီရဲ့ မြန်မာပြည်အပေါ်မှာရှိတဲ့ အမြင်ကိုသိရမလားခင်ဗျ။

2C2P။ ။ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ လွန်ခဲ့တဲ့အချိန် (၁၃)နှစ်ကတည်းကစခဲ့တဲ့အချိန်ကနေစပြီးတော့ နိုင်ငံတကာမှာ Cash economy ကနေ Digital Economy ကိုကူးပြောင်းတဲ့ ကြိုးပမ်းမှုတွေအကုန်လုံးမှာ ကျွန်တော်တို့က ဝန်ဆောင်မှုတွေ ပေးခဲ့တယ်။အဲဒိအထဲမှာအုတ်တစ်ချပ်၊သဲတစ်ပွင့်အဖြစ် ဝင်ရောက်ပြီးပတ်သတ်ခဲ့တယ်ခင်ဗျ။ မြန်မာနိုင်ငံမှာလည်းလွန်ခဲ့ တဲ့ (၅)နှစ်လောက်ကတည်းကစပြီးလုပ်ငန်းစကတည်းက ကျွန်တော်တို့အဲဒါကို ကြိုးစားနေပါတယ်။ ကြိုးစားလည်း ကြိုးစားဆဲပါ။ အဲဒိအပေါ်မှာ ပြီးခဲ့တဲ့ (၃)နှစ်မှာ ကျွန်တော်တို့လုပ်ခဲ့တဲ့အပိုင်းကလေးတွေ ရှိပါတယ်။ အဲဒိဟာက MPU နဲ့ တွဲလုပ်တာမျိုး၊ ပြီးတော့ ပြည်တွင်းဘဏ်တွေကိုပူးပေါင်းပြီးတော့ Master ကဒ်တွေ ထုတ်ပေးတာမျိုး၊ Visa ကဒ်တွေ ထုတ်ပေးတာမျိုး၊ MPU ကဒ်တွေ ထုတ်ပေးတာမျိုးတွေကိုစတင်ပြီးတော့လုပ်နေပါပြီခင်ဗျ။ အဲဒါလည်းရှေ့မှာဆက်ပြီးလုပ်ဖို့အတွက် အစီအစဉ်ရှိပါတယ်။ အဲဒိအတွက်ကြောင့်လည်း မြန်မာနိုင်ငံရဲ့ Digital economy/ E-commerce ကိုသွားနေတဲ့ ခြေလှမ်းတွေမှာအုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ကူညီဖို့အတွက် လက်ရှိအချိန်မှာလုပ်ကိုင်နေပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျ။

မဇ္ဈိမ။ ။ 2C2P ကုမ္ပဏီကအရှေ့တောင်အာရှရဲ့ ငွေပေးချေမှုစနစ်တွေမှာဦးဆောင်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်တယ်၊ မြန်မာ ပြည်ကိုလည်း ချဉ်းနင်းဝင်ရောက်လာနေပြီဆိုတော့ ကုမ္ပဏီရဲ့ တာဝန်နဲ့ လုပ်ဆောင်ချက်တွေကဘာများလဲခင်ဗျ။

2C2P။ ။ ကျွန်တော်တို့ကုမ္ပဏီရဲ့ ဝန်ဆောင်မှုတွေက Payment နဲ့ပတ်သတ်တာကိုပဲ ဝန်ဆောင်မှုပေးပါတယ်ခင်ဗျ။ Payment နဲ့ ပတ်သတ်တဲ့ဝန်ဆောင်မှုတွေမှာ ဝန်ဆောင်မှုပေါင်းမျိုးစုံရှိပါတယ်ခင်ဗျ။ ခင်ဗျားသိတဲ့အတိုင်း..payment ဆိုတာ ဝယ်သူနဲ့ ရောင်းသူ (၂)ယောက်ကြားထဲမှာ ဖြစ်တဲ့ကဏ္ဍလေးပါခင်ဗျ။ ဒီဝယ်သူနဲ့ရောင်းသူ (၂)ယောက်ကြားမှာtermအရပြောမယ်ဆိုရင် acquiring side ရယ်၊ issuing side ရယ်ဆိုပြီးရှိပါတယ်ခင်ဗျ။ လောလောဆယ်တော့ ကျွန်တော်တို့ကတစ်ခြားနိုင်ငံတွေမှာလိုပဲAcquring side မှာရော Issuing Side မှာရော (ပေးသူဘက်မှာရော..ရောင်းသူဘက်မှာရော) နှစ်ဘက်စလုံးကိုဝန်ဆောင်မှုပေးနေတဲ့ ဝန်ဆောင်မှုပေါင်း (၃)မျိုးလုပ်နေပါတယ်ခင်ဗျ။ ပထမတစ်မျိုးကတော့ ရောင်းသူအတွက်ကို နိုင်ငံတကာကကဒ်တွေ၊ ဒါမှမဟုတ် မြန်မာပြည်မှာထုတ်ပေးတဲ့ကဒ်တွေကိုလက်ခံတဲ့ဝန်ဆောင်မှုပေးပါ တယ်။ ဒုတိယတစ်ခုကကျတော့ ရောင်းသူအတွက် ငွေသားဒါမှမဟုတ် ငွေသားနဲ့ညီ်မျှတဲ့ Digital Cash လိုဟာမျိုးကို လက်ခံတဲ့ဝန်ဆောင်မှုပေးပါတယ်။ တတိယတစ်ခုကတော့ ဝယ်သူအတွက် ငွေသားကနေ digital cash ဖြစ်အောင် ဖန်တီးပေးတဲ့ (ငွေသားကနေ နိုင်ငံတကာလက်ခံနိုင်တဲ့ ကဒ်ဖြစ်အောင် ဖန်တီးပေးတဲ့) Prepaid ကဒ်လိုဟာမျိုး၊ Debit ကဒ်လိုဟာမျိုးထုတ်ပေးတဲ့ ဝန်ဆောင်မှုမျိုးပေးပါတယ်။ ဒီဝန်ဆောင်မှု (၃)ခုကို ကျွန်တော်တို့အဓိကထားပြီးပေးပါတယ်။ အဲလို ဝန် ဆောင်မှုပေးတဲ့အခါမှာ အဲဒိဝန်ဆောင်မှုကို ထုတ်ပေးတဲ့ ဘဏ်တွေ ဒါမှမဟုတ် ဘဏ်တွေနဲ့ ပူးပေါင်းပြီးငွေပေးချေကဒ် စနစ်တွေဖြစ်တဲ့ Visa, Master, MPU တို့နဲ့လည်းပူးပေါင်းပြီးလုပ်ပါတယ်ခင်ဗျ။

မဇ္ဈိမ။ ။ဒါဆိုရင် လက်ရှိမြန်မာပြည်မှာဝင်ရောက်ပြီဖြစ်တဲ့ ကျွန်တော်တို့ Master Card နဲ့ Visa Card အကြောင်းတွေနဲ့ လက်ရှိတိုးတက်မှုအခြေနေ၊သူတို့ရဲ့အခက်ခဲလေးတွေကို ခဏသွားကြည့် မယ်နော်။ လောလောဆယ်မှာကျွန်တော်ပြောခဲ့တဲ့ Master Card နဲ့ Visa Card တွေအပြင် ကျွန်တော်တို့ လက်ရှိမှာ ပြည်တွင်းကနေပြီးတော့ ကိုယ်ပိုင် Brand တွေနဲ့ ထုတ်တဲ့ အစ်ကိုတို့ ပူးပေါင်းထားတဲ့ Myanmar pay union –MPU ကဒ်တွေလည်းရှိတာပဲ။ စုစုပေါင်းဒီကဒ်တွေရဲ့ ဘယ်နှစ်ရာခိုင်နှုန်းလောက်ကကမ္ဘာသုံးအနေနဲ့ရောမြန်မာပြည်မှာရောတွင်ကျယ်နေပြီလဲ။ ကဒ်အမျိုးစားဘယ်လောက်ရှိနေပြီလဲခင်ဗျ။

2C2P။ ။ ကမ္ဘာနဲ့ ခြုံပြီးတော့ ပြောမယ်ဆိုရင် ကမ္ဘာမှာဒီကဒ်ထုတ်ပေးတဲ့ တံဆိပ်ပေါင်း ၆ခုရှိပါလိမ့်မယ်။ နိုင်ငံတကာကအသိမှတ်ပြုတဲ့ Visa Card ရယ်၊ Master Card ရယ်၊ JCV ရယ်၊ အဲဒါကိုဂျပန်ကထုတ်တာပါ။ China union pay အဲဒါက China  ကထုတ်တာပါ။ အခုသူတို့  Union pay ခေါ်နေပါပြီ။ ပြီးသွားတော့ American express အမေရိကန်ကုမ္ပဏီက ထုတ်တာပါ။ ပြီးသွားတော့ Diner’s clubရယ်၊Discover card ရယ်ဆိုပြီးတော့ ရှိပါတယ်။ မြန်မာပြည်မှာဆိုလို့ရှိရင် အဲဒိထဲမှာ Market Share နဲ့ကြည့်မယ်ဆိုရင် Visa Card ရယ်၊ Master Card ရယ်၊ JCV ရယ်၊ Union pay က ၉၅% တစ်ကမ္ဘာလုံးမှာ Market Shareရှိမယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာပြည်မှာအဲဒိကဒ်ပြားတံဆိပ်တွေ အကုန်လုံးတွင်တွင်ကျယ်ကျယ် သုံးလို့ ရနေပါပြီ။ နိုင်ငံခြားကနေလာတဲ့ နိုင်ငံတကာကဧည့်သည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အကုန်လုံးက ဒီကဒ်တွေကိုအသုံးပြုပြီးတော့ ဝန်ဆောင်မှုတွေကိုဝယ်ယူနေကြပါပြီ။ ဟိုတယ်မှာတည်းခိုတာမျိုး၊ စားသောက်ဆိုင်သွားတာမျိုး၊ လေယာဉ်လက်မှတ်ဝယ်တာမျိုးအားလုံးလုပ်နေကြပါပြီ။ အဲအတွက် မြန်မာနိုင်ငံက ၉၅%နှုန်း နိုင်ငံတကာရဲ့ ၉၅% လောက်ကိုတွင်တွင်ကျယ်ကျယ် လက်ခံနိုင်ပြီလို့ ပြောလို့ရပါတယ်။

မဇ္ဈိမ။ ။ ဒါလက်ခံတဲ့ အခြေနေကိုပြောတာလား ၉၅% ဆိုတာက ဥပမာဆိုပါစို့။ အစ်ကိုပြောခဲ့တဲ့ ကမ္ဘာသုံးအနေနဲ့ ၆ ခုရှိတယ်။ ဒီထဲကမှ Diner’s club နဲ့ Discover card ကိုကျတော့ ဒီမှာမသုံးကျဘူးလား။

2C2P။ ။ အဲဒိကောင်ကလောလောဆယ် ပြည်တွင်းမှာမတွင်ကျယ်သေးပါဘူး။ လောလောဆယ် သုံးဖို့အတွက် ဘယ်ဘဏ်ကမှ  Supportမလုပ်သေးဘူးပေါ့။ ဒါပေမယ့် သူတို့ရဲ့ Market Share က တစ်ကမ္ဘာလုံးနဲ့ ယှဉ်ကြည့်မယ်ဆိုရင် အရမ်းသေးပါတယ်ခင်ဗျ။

ဇ္ဈိမ။ ။ ဒါဆိုကျန်တဲ့ ၄ခုကတော့ သူရဲ့ Range တော်တော်ကြီးတယ်ဆိုတော့  ၉၅% ကို ပြည်တွင်းမှာသုံးစွဲလို့ရပြီ။ ဒါပေမယ့် ပြည်တွင်းမှာသုံးစွဲလို့ ရတဲ့ အခြေနေမှာအခုနကအစ်ကိုပြောတဲ့ အခြေနေမှာ Tourism ခရီးသွားလုပ်ငန်းကဏ္ဍကနေပဲသုံးတာများတယ်လို့ သိရတယ်ခင်ဗျ။ ဆိုတော့ ပြည်တွင်းကနေထိုင်တဲ့သူတွေအနေနဲ့ ၊ မြန်မာလူမျိုးတွေ အနေနဲ့  ဒီကဒ် တွေကိုသုံးပြီးတော့ E-commerce အနေနဲ့ ဒါမှမဟုတ်လည်း နိုင်ငံတကာကုန်သည်တွေနဲ့ အပြန်အလှန်ကူးသန်းရောင်းဝယ်တဲ့နေရာမှာရောအသုံးပြုတဲ့အခြေအနေတွေရှိလားခင်ဗျ။

2C2P။ ။ ပုံမှန်ကတော့မြန်မာပြည်ကကဒ်အသုံးပြုသူတွေကနေပြီးတော့ နိုင်ငံတကာကလုပ်ငန်းတွေမှာ ဝယ်တဲ့ဟာတွေကလက်ရှိလုပ်လို့ရနေပါတယ်။ Visacardရှိပြီ၊ Master Card ရှိပြီ၊Union payရှိပြီ…အခုတလောမြန်မာပြည်မှာအဲဒီကဒ်လသုံးခုလုံးကိုဘဏ်တစ်ချို့ကနေလောလောဆယ်ဝန်ဆောင်မှုပေးနေပါပြီ။ ဘဏ်မှာသွားလျှောက်ပြီးတော့ အဲဒီကဒ်တွေကိုသုံးမယ်ဆိုရင် နိုင်ငံတကာမှာE-commerce ရော၊ နိုင်ငံတကာသွားလည်တဲ့အခါမှာ Face to Face transactionရောသုံးလို့ရနေပါပြီခင်ဗျ။ လုပ်ငန်းအချင်းချင်းBusiness to business ဝန်ဆောင်မှုတွေကတော့ လောလောဆယ် မတွင်ကျယ်သေးဘူးလို့ ကျွန်တော်မြင်ရပါတယ်။ ဒါပေမယ့် အဲဟာကလည်း Next Step မှာဖြစ်လာမယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။

မဇ္ဈိမ။ ။ အခုကိုအောင်ကျော်မိုးတို့ လုပ်ကိုင်နေတဲ့ Payment System အပေါ်မှာဒီစနစ်ကိုပိုပြီးဖွံ့ဖြိုးဖို့ အခြေခံအဆောက် အဦးဖွံ့ဖြိုးမှုအပိုင်းနဲ့ စည်းမျဉ်းအပိုင်းတွေက အားရစရာကောင်းလာနေပြီလား ခင်ဗျ။

2C2P။ ။ လောလောဆယ်တော့ အဲဒိအထောက်အပံ့အကူအညီတွေကို ကျွန်တော်မတွေ့ရသေးပါဘူးခင်ဗျ၊ တစ်ခြားနိုင်ငံအတွေ့ အကြုံတွေကိုနားထောင်မယ်ဆိုရင် ကျွန်တော် မျှဝေဖို့အဆင်သင့်ပါပဲခင်ဗျ။ လွန်ခဲ့တဲ့ (၅)လလောက်က ကျွန်တော် ကာဇက်စတန်နိုင်ငံကိုသွားရောက်လေ့လာခဲ့ပါတယ်။ အဲဒိမှာဒီဂျစ်တယ်ငွေပေးချေမှုကိုသုံးခဲ့လို့ရှိရင် အစိုးရကနေပြီးတော့ repaid ပြန်ပေးပါတယ်။ ဥပမာအားဖြင့်ပြောရရင် ကျွန်တော်တို့ရဲ့ value-added tax က ၇ ရာခိုင်နှုန်းဆိုကြပါစို့.. အဲဒါကိုဒီဂျစ်တယ်နဲ့ ပေးမယ်ဆိုရင် ၂ ရာခိုင်နှုန်းကိုကုမ္ပဏီကို   ပြန်ပြီးပေးပါတယ်ခင်ဗျ။ဆိုလိုတာကဒီဂျစ်တယ်သုံးတဲ့အတွက် အစိုးရကနေပြီးတော့ repaid ပြန်ပေးတဲ့စနစ်ပါခင်ဗျ။အဲဒါကိုတော့ သူတို့လက်ရှိလုပ်နေတာပေါ့လေ။ တစ်ခြားနိုင်ငံတွေမှာ ဒီဂျစ်တယ်ကိုသုံးခြင်းအားဖြင့် income tax ကို exemption ပေးတာမျိုးလုပ်ပါတယ်ခင်ဗျ။ တစ်ချို့နိုင်ငံတွေဆိုရင် ဒီဂျစ်တယ်မသုံးရင် fine (ဒဏ်ငွေရိုက်တာ) ချတာရှိပါတယ်။ ဒီအပေါ်မှာ policy မျိုးစုံရှိပါတယ်။ အဲထဲကနေမှ တစ်ခုနှစ်ခုလောက်ကိုရွေးပြီးတော့ စမ်းသပ်ကာလအနေနဲ့ စမ်းကြည့်သင့်တယ်လို့ မြင်ပါတယ်..ဒီဒီဂျစ်တယ်ကိုတကယ် promote လုပ်မယ်ဆိုရင်။

မဇ္ဈိမ။ ။ကျွန်တော်တို့ နိဂုံချုပ်ဆွေးနွေးကြမယ်နော်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ မိုဘိုင်းဖုန်းနှင့် အင်တာနက်သုံးစွဲမှုတွေက တဖြေးဖြေး တွင်ကျယ်လာတဲ့အပေါ်မှာ ဒီရဲ့အရွေ့က ကျွန်တော်တို့ E- commerce တွေပေါ့နော်။ ဒီဂျစ်တယ်နဲ့ လုပ်မယ့် စီးပွားရေးတွေ One Stop Serviceတွေနဲ့ ကျွန်တော်တို့ လျှင်မြန်စွာနဲ့ စီးပွားရေးလုပ်ငန်းတွေကိုဆောင်ရွက်မယ်။ ဘဏ်တွေကနေတစ်ဆင့် ပြီးတော့ ကဒ်တွေကနေတစ်ဆင့် ငွေပေးချေးမှုတွေကျယ်ပြန့်လာမယ်။ ဒီကဒ်တွေကတစ်ဆင့် နိုင်ငံတကာကိုသွားကြမယ်ဆိုရင် ဒီအရွေ့က အချိန်ဘယ်လောက် အတိုင်းတာအထိမှ တိုးတက်မှု   ဖြစ်လာမယ်လို့ မြင်လဲခင်ဗျ။ ဒီအပေါ်မှာဖြည့်စွပ်ဆွေးနွေးပေးစေချင်တာကအကောင်းမြင်သုံးသပ်ချက်တွေအပြင်ဖြစ်လာနိုင်တဲ့ အခက်အခဲ၊စိန်ခေါ်စရာတွေနဲ့ အစိုးရပိုင်းကနေပြီးတော့ အားပေးထောက်ပံ့မှုအပိုင်းတွေကိုကောဘယ်လိုဖြစ်စေချင်တယ်လို့ အစ်ကိုမြင်လဲခင်ဗျ။

2C2P။ ။ အကောင်းမြင်ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ Local မှာရှိနေတဲ့ Local Product တွေ အကုန်လုံးကို နိုင်ငံတကာကိုဝက်ဆိုဒ်တစ်ခုရှိတာနဲ့တင်ပဲရောင်းလာနိုင်မယ်။ ကျွန်တော်တို့ တစ်ခြားနိုင်ငံတန်းတူအခြားနိုင်ငံကနေလက်ရှိရောင်းနေသလို ကျွန်တော်တို့ စပြီးတော့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေ ကျွန်တော်တို့ရဲ့  Productတွေကိုစပြီးတော့ ရောင်းလာနိုင်မယ်။ အဲတော့ အာဆီယံမှာရင်ဘောင်တန်းနိုင်မယ်လို့ အကောင်းမြင်လို့ရပါတယ်။

ဒီ Government ရှုထောင့်က ကြည့်မယ်ဆိုလို့ ရှိရင် လောလောဆယ် ပြီးခဲ့တဲ့ Government ကနေပြီးတော့ လုပ်ပေးခဲ့တာတွေ ရှိတယ်။ နောင်လာမယ့် Government ကလည်းဒီဟာကိုဆက်ပြီးတော့ လုပ်ပေးမယ့်အပြင် အခြားဟာကိုပါ ဒီဂျစ်တယ်၊E- commerce သွားဖို့ပါလုပ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပေါ်လစီကိုတော့ ကျွန်တော်မဖတ်ရသေးပါဘူး။ ဒါပေမယ့် ဒီဟာကမလုပ်မဖြစ်လုပ်ရမယ့် ပေါ်လစီဖြစ်ပါတယ်။ ဒီနိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကိုလိုချင်လို့ရှိရင်  Payment စနစ်ကအရေးကြီးပါတယ်။ ဒီနိုင်ငံရဲ့ Paymentစနစ်က လွယ်ကူလေ ကုန်ကျစားရိတ်ကျလာလေပဲ။ Payment ကမလွယ်ကူလို့ ရှိရင် ကုန်ကျစားရိတ်ကတက်လာပါလိမ့်မယ်။ ဒါကြောင့်မို့လို့ Payment ကို အားလုံးက လွယ်လွယ်ကူကူလုပ်ပေးနိုင်မယ်။ အားလုံးဝိုင်းပြီးတော့ ဝန်ဆောင်မှုပေးနိုင်မယ်။ ဘဏ်တွေကရော Non-bankတွေကရော လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင်  Payment က ဝန်ဆောင်မှုလွယ်လာမယ်၊သက်သာလာမယ်ဆိုလို့ရှိရင် ကျွန်တော်တို့လုပ်ငန်းတွေရဲ့ Costs of Doing Business ကျသွားတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပိုပြီးတော့ တွင်ကျယ်လာမယ်လို့ မျှော်လင့်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required