ရှုခင်းသာက Yangon Waterboom ဖွင့်ပြီ

ရှုခင်းသာက Yangon Waterboom ဖွင့်ပြီ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ။         ။ ရန်ကုန်မြို့ ရှုခင်းသာပန်းခြံတွင် Yangon Waterboom ခေတ်မီကစားကွင်းကို ဖွင့်ပွဲကို  ဖေဖော်ဝါရီ ၂၈ရက်က ပြုလုပ်ခဲ့သည်။

ကစားကွင်းကိုမူ မတ်လ ၂ရက်နေ့မှ စပြီး အများပြည်သူအတွက် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဖွင့်ပွဲတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။ 

သာကေတမြို့နယ်တွင် တည်ရှိသည့် ၄ ဒသမ ၅ ဧကျယ်ဝန်းသော Yangon Waterboom အတွင်း ကစားနည်း ၂၀ကျော်ရှိပြီး တနင်္လာမှ သောကြာ ရုံးဖွင့်ရက်များတွင် ဝင်ကြေး လူကြီး ကျပ် နှစ်သောင်း၊ ကလေး ကျပ်တစ်သောင်းခွဲ သတ်မှတ်ထားပြီး စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင်မူ လူကြီး နှစ်သောင်းခွဲ၊ ကလေး နှစ်သောင်းကျပ် သတ်မှတ်ထားသည်။ ကစားကွင်းကို နေ့စဉ် နံနက် ၉နာရီမှ ည ၈နာရီထိ ဖွင့်လှစ်ထားမည်ဖြစ်သည်။

ကစားကွင်းအတွင်း ရေဆော့ပြီး နားနေနိုင်ရန် ဘန်ဂလိုလေးများ တည်ဆောက်ပေးထားပြီး အခကြေးငွေဖြင့် နားနေနိုင်သည်ဟု သိရသည်။ ကစားကွင်းအတွင်း Jacket တစ်ခုသာ အခမဲ့ပေးထားပြီး အခြား အဝတ်အထည်များ အသုံးပြုမည်ဆိုပါက အခကြေးငွေ ကောက်ခံမည်ဖြစ်သည်။

ယင်းအပြင် ပြင်ပတွင် သတင်းထွက်နေသည့် ဝင်ကြေးပေးပြီးပါက အစားအစာများ ဘူဖေးလ် စားသုံးနိုင်သည့် သတင်းမှာလည်း မမှန်ကန်ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

Yangon Waterboom ကို Media One Co.,Ltd မှ ဦးစီးပြီး မြန်မာနိုင်ငံ နှင့် နိုင်ငံတကာ ပညာရှင်များ ပူးပေါင်းကာ နှစ်နှစ်ကြာ အချိန်ယူ တည်ဆောက်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required