တောင်ကယ်ရိုလိုင်းနားတွင် ဟီလာရီကလင်တန် သမ္မတရွေးပွဲ အနိုင်ရ

တောင်ကယ်ရိုလိုင်းနားတွင် ဟီလာရီကလင်တန် သမ္မတရွေးပွဲ အနိုင်ရ

နယူးယောက်၊ ဖေဖော်ဝါရီ ၂၈ ။            ။ တောင်ကယ်ရိုလိုင်းနားဒီမိုကရတ်တစ်သမ္မတ ရွေးကောက်ပွဲတွင် ဟီလာရီကလင်တန်က ပြိုင်ဖက် ဘာနိုင်ဆန်ဒါးအား မဲအပြတ်အသတ်ဖြင့် အနိုင်ရသည်။

ဟီလာရီအတွက် အနိုင်စွဲမည်ကို ကျယ်ကျယ်ပြန့်ပြန့်မျှော်လင့်ပြီးဖြစ်သော်လည်း နောက်ရွေးကောက်ပွဲများအတွက် အရှိန်ရစေသည်။

ပြိုင်ဖက်ဆန်ဒါးက ၎င်းရှုံးနိမ့်မှုကို လက်ခံသော်လည်း ယှဉ်ပြိုင်မှုများက ယခုမှ အစရှိသေးသည်ဟု ဆိုသည်။

ကလင်တန်အနေဖြင့် လေးကြိမ်ပြိုင်ရာတွင် သုံးကြိမ်အနိုင်ရခြင်းဖြစ်သည်။ အိုင်အိုဝါနှင့် နီဗာဒါးတို့တွင်လည်း ဟီလာရီအနေဖြင့် အနိုင်ရခဲ့သော်လည်း နယူးဟမ်ရှိုင်းယားတွင် ဆန်ဒါးက ရှုံးခဲ့သည်။

လွန်ခဲ့သည့် ရှစ်နှစ်က တောင်ကယ်ရိုလိုင်းနားနယ်တွင် သမ္မတရွေးကောက်ပွဲ္ပ၌ ဟီလာရီက ယခုသမ္မတ ဘားရက်အိုဘားမား ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

ယခုတွင် တောင်ကယ်ရိုလိုင်းနားနယ်သည် ဟီလာရီအတွက် အောင်ပွဲဖြစ်လာခဲ့ပြီး မဲရုံမပိတ်မီအချိန်လေး၌ ထောက်ခံသူများအား ၎င်းက "အမေရိကန်မှာ ပေးချင်တဲ့ သတင်းစကားကတော့ ကျွန်မတို့တွေ အတူတကွရှိနေချိန်ဆိုရင် ရင်ဆိုင်ကျော်လွှားဖို့ ကြီးမားလွန်းတဲ့ အတားအဆီးတွေ မရှိဘူးဆိုတာပါပဲ။"ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required