ဗီဒယ်ကိုခေါ်ယူရန်အာဆင်နယ်သဘောတူညီမှုရခဲ့ပြီဟု အီတလီတွင်သတင်းများထွက်ပေါ်

ဗီဒယ်ကိုခေါ်ယူရန်အာဆင်နယ်သဘောတူညီမှုရခဲ့ပြီဟု အီတလီတွင်သတင်းများထွက်ပေါ်

ဇွန် ၂၉၊ တူရင်။ ။ ဂျူဗင်တပ်ကွင်းလယ်ကစားသမား ဗီဒယ်သည် အာဆင်နယ်အသင်းသို့ ပေါင် ၂၁ သန်းဖြင့်ပြောင်းရွှေ့ရန်သဘောတူညီမှုရခဲ့ပြီဟု အီတလီသတင်းစာ လာစတမ်ပါက ဖော်ပြလိုက်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဗီဒယ်သည် ချီလီအသင်းနှင့် ကိုပါအမေရိကဖလားပြိုင်ပွဲဝင်နေသော်လည်း ထွက်ပေါ်နေသည့်သတင်းများသာ ယုံကြည်ရပါက ပရီးမီးယားလိဂ်သို့ပြောင်းလာရန်ရှိနေပြီဟု အင်္ဂလန်သတင်းစာ ဒေးလီးမေးလ်ကလည်း ဖော်ပြခဲ့သည်။

ဗီဒယ်ကို ခေါ်ယူရန်နွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက်လုံး မန်ယူအသင်းက အပြင်းအထန်ကြိုးပမ်းနေသော်လည်း အာဆင်နယ်ကို ရွေးချယ်ခြင်းမှာ ချီလီလက်ရွေးစင်အသင်းဖော် ဆန်းချက်ဇ်ကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်။

ဗီဒယ်သည်ပြီးခဲ့သည့်ရာသီက စီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းတွင် ခြေစွမ်းပြခဲ့ပြီး ရှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ သို့သော်အသက် ၂၈ နှစ် အရွယ်ရှိ ဗီဒယ်သည် ကိုပါအီတာလီယာဖလားချန်ပီယံနှင့် ချန်ပီယံလိဂ်ဒုတိယ ဂျူဗင်တပ်ကို စွန့်ခွာရန်ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။

ကိုပါအမေရိကဖလားပြိုင်ပွဲဝင်နေစဉ်အတွင်း အရက်မူးပြီးကားမောင်းမှုဖြင့် ကားမတော်တဆမှုဖြစ်ပြီး လိုင်စင်သိမ်းခံရသော်လည်း ကွင်းတွင်း ၌ ခြေစွမ်းပြကာ ချီလီအသင်းအတွက်လေးပွဲကစား သုံးဂိုးသွင်းယူပေးထားသူလည်းဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly