ကြက်ငှက်တုပ်ကွေး H7N9 ဗိုင်းရပ်ပထမဆုံး ကူးစက်ခံရသူကိုတွေ့ရှိဟု ဟောင်ကောင်ထုတ်ပြန်

ကြက်ငှက်တုပ်ကွေး H7N9 ဗိုင်းရပ်ပထမဆုံး ကူးစက်ခံရသူကိုတွေ့ရှိဟု ဟောင်ကောင်ထုတ်ပြန်

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂၅ ။        ။ ယခုနှစ်တွင် H7N9 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်ကူးစက်ခံရသော ပထမဆုံးလူကို တွေ့ရှိထားသည်ဟု ရောဂါကာကွယ်မှုကျန်းမာရေးစင်တာက ဖေဖော်ဝါရီ ၂၃တွင် အစီရင်ခံသည်။

လူနာမှာ အသက် ၆၀အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ယခုအခါတည်ငြိမ်မှုရှိနေပြီဟု စင်တာကပြောသည်။ လူနာမှာ မူလက တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်စုပြည်နယ် ဆွီကျိုးစီးတီးမှဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့ကမှ ဟောင်ကောင်သို့ ရောက်ရှိခဲ့သည်။ ဖေဖော်ဝါရီ ၈တွင် ၎င်းလူနာသည် ဖျားနာမှု၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူမဝခြင်းတို့အပါအဝင် များပြားသည့်တုပ်ကွေးလက္ခဏာများ ခံစားခဲ့ရသည်။

၎င်းသည် ဆေးရုံအချို့သို့သွားပြခဲ့ပြီး အဆုတ်ရောင်နေကြောင်း တွေ့ရှိခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် H7N9 တုပ်ကွေးဗိုင်းရပ်ရှိနေကြောင်း ဟောင်ကောင်ရှိ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲခန်း ဝန်ဆောင်မှုလုပ်ငန်းက စမ်းသပ်တွေ့ရှိခဲ့သည်။ ထိုသူသည် နောက်ပိုင်းတွင် နောက်ထပ်ကုသမှုပြုလုပ်ရန်အတွက် မာဂရက်မင်းသမီးဆေးရုံသို့ တက်ခဲ့သည်။

လူနာ၏ ဇနီးကိုလည်း စမ်းသပ်စစ်ဆေးခဲ့သော်လည်း ရောဂါလက္ခဏာမပြခဲ့ပေ။ သို့သော်လည်း လူနာ၏သားဖြစ်သူ လည်ချောင်းနာသည့် လက္ခဏာများပြသခဲ့သော်လည်း ဗိုင်းရပ်မတွေ့ခဲ့ပေ။ ယခုအခါ ဟောင်ကောင်ကျန်းမာရေးဋ္ဌာနသည် လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သော လူများကို စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required