မြောက်ကိုရီးယားကို ဒဏ်ခတ်အရေးယူမှုဆုံဖြတ်ချက်မူကြမ်း ကုလတွင် အမေရိကန်နှင့် တရုတ်သဘောတူ

မြောက်ကိုရီးယားကို ဒဏ်ခတ်အရေးယူမှုဆုံဖြတ်ချက်မူကြမ်း ကုလတွင် အမေရိကန်နှင့် တရုတ်သဘောတူ

ကုလသမဂ္ဂ ဖေဖော်ဝါရီ ၂၅ ။              ။ နျူကလီးယားစမ်းသပ်မှုကြောင့် မြောက်ကိုရီးယားအပေါ် လုံခြုံရေးကောင်စီက ဒဏ်ခတ်အရေးယူမှုကို တိုးချဲ့မည့် ဆုံးဖြတ်ချက်မူကြမ်းနှင့် ပတ်သက်၍ အမေရိကန်နှင့် တရုတ်တို့ သဘောတူညီမှုရရှိခဲ့ပြီး လာမည့်ရက်အနည်းငယ်အတွင်း မဲခွဲဆုံးဖြတ်မည်ဟု မျှော်လင့်ရကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၄တွင်ပြောသည်။

မြောက်ကိုရီးယား၏ ရန်စမှုများကို အားကောင်း၍ စည်းလုံးသည့် နိုင်ငံတကာတုံ့ပြန်မှုက အရေးပါမှုအပေါ် ပြုလုပ်သည့် အစည်းအဝေးတွင် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဆူဆန်ရိုက်စ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့က သဘောတူခဲ့သည်။ ယင်းသို့တုံ့ပြန်ရာတွင် ယခင်ကထက်ကျော်လွန်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တစ်ခုလည်း အပါအဝင်ဖြစ်သည်။

မြောက်ကိုရီးယားအား နျူကလီးယားလက်နက်နိုင်ငံတစ်ခုအဖြစ် သူတို့လက်ခံမည်မဟုတ်ကြောင်း သဘောတူခဲ့ကြသည်ဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရအမျိုးသား နက်ပရိုက်စ်ထံမှ ကြေညာချက်တွင် ဖော်ပြထားသည်။

သမ္မတဘားရက်အိုဘားမားလည်း ရေရှည်ခံသော၊ အပြုသဘောဆောင်သော၊ အကျိုးဖြစ်ထွန်းသော အမေရိကန်-တရုတ်ဆက်ဆံရေးကို ထူထောင်ရေးကို စိတ်ဝင်စားကြောင်းပြသရန် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်ဟု မစ္စတာပရိုက်စ်က ပြောသည်။

ထို့အပြင် မတ် ၃၁မှ ဧပြီ၁အထိ ဝါရှင်တန်တွင် ပြုလုပ်မည့် နျူကလီးယားလုံခြုံရေးထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရေး တရုတ်သမ္မတရှီကျင်ပင်းကို ကြိုဆိုနေသည်ဟု အိုဘားမားကဆိုသည်။

မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်များချမှတ်သည့် မူကြမ်းဆုံးဖြတ်ချက်တွင် ဝါရှင်တန်နှင့် ပေကျင်းတို့ သဘောတူပြီး လာမည့်ရက်အနည်းငယ်အတွင်း လုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်မည်ဟု နယူးယောက်ရှိ ကုလရုံးချုပ်တွင် သံတမန်များက ပြောကြားပြီးနောက် အိမ်ဖြူတော်၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly