ကမ္ဘာပတ်ပျံသန်းမည့် နေစွမ်းအင်သုံးလေယာဉ် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သည့် ဒုတိယခရီးစဉ် စတင်ပျံသန်း

ကမ္ဘာပတ်ပျံသန်းမည့် နေစွမ်းအင်သုံးလေယာဉ် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သည့် ဒုတိယခရီးစဉ် စတင်ပျံသန်း

(တိုကျို)။ ။ ကမ္ဘာကို တစ်ပတ်ပတ်ရန် ပျံသန်းသည့် နေစွမ်းအင်သုံးလေယာဉ်သည် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပျံမည့် ဒုတိယခရီးစဉ်ကို စတင်ပျံသန်းပြီ ဖြစ်သည်။

ဂရင်းနစ်စံတော်ချိန် ၁၈ နာရီက ဂျပန်နိုင်ငံ နာဂိုယာ လေယာဉ်နားစခန်းမှ စတင်ပျံတက်သွားခြင်းဖြစ်ပြီး ဟာဝိုင်ယီသို့ နာရီ ၁၂၀ ဖြင့် ပျံသန်းရောက်ရှိရန် စီစဉ်ထားသည်။

ပစိဖိတ်သမုဒ္ဒရာကို ယခုကဲ့သို့ ဖြတ်ပျံသန်းနိုင်ရန်အတွက် ရာသီဥတုကောင်းမွန်ချိန်ကို ဂျပန်နိုင်ငံတွင် နှစ်လ နီးပါး စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်သည်။

ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပျံသည့် ခရီးစဉ်ပျံသန်းမှုသည် ကမ္ဘာပတ်မည့် ယင်းလေယာဉ်အတွက် ရှစ်ခုမြောက် ခရီးစဉ် ပျံသန်းမှု ဖြစ်သည်။

ယခုခရီစဉ်က ပိုမိုခက်ခဲမည်ဖြစ်၍ ပျံသန်းမှု နှောင့်နှောင်းခဲ့ရခြင်းလည်း ဖြစ်သည်။

ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ကာ ဟာဝိုင်ယီသို့ လေယာဉ်က တိုက်ရိုက်ပျံသန်းမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

ယခုခရီးစဉ်ပျံသန်းမှုသည် လေယာဉ်စတက်သွားပြီး ရှစ်နာရီကြာ ပျံသန်းသွားမိလျှင် နောက်သို့ ပြန်လှည့် ပျံသန်းလာနိုင်ခြေ မရှိတော့သည့် နေရာအကွာအဝေးသို့ ရောက်ရှိသွားမည် ဖြစ်သည်။ တကယ်လို့ ယင်းနေရာ ရောက်မရှိပြီးမှ တစ်စုံတစ်ရာ အပြောင်းအလဲ ကြုံတွေ့ရပါက နောက်ကြောင်း လှည့်ပျံလာမည် မဟုတ်ပေ။ ယင်းနေရာ မရောက်သေးမှသာ ဂျပန်နိုင်ငံသို့ နောက်ကြောင်းပြန်လှည့် ပျံသန်းနိုင်မည့် အခွင့်အရေးရှိနေခြင်း ဖြစ်သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly