ပေါင်ဒါသုံးစွဲသူ ကင်ဆာဖြစ်သေဆုံး၍ Johnson & Johnson ကုမ္ပဏီကြီး ဒေါ်လာသန်း ရ၀ ကျော် လျော်ကြေးပေးရမည်

ပေါင်ဒါသုံးစွဲသူ ကင်ဆာဖြစ်သေဆုံး၍ Johnson & Johnson ကုမ္ပဏီကြီး ဒေါ်လာသန်း ရ၀ ကျော် လျော်ကြေးပေးရမည်

Johnson & Johnson (J&J) ကုမ္ပဏီအနေဖြင့် ကုမ္ပဏီထုတ် ပေါင်ဒါ သုံးစွဲသူတစ်ဦး သားဥအိမ်ကင်ဆာဖြင့် သေဆုံးရသည်ဟု မိသားစုဝင်များက တရားစွဲဆိုခြင်းကြောင့် ပထမကြားနာမှုတွင် အမေရိကန်ဒေါ်လာ ၇၂ သန်း ပေးလျော်ရမည်ဟု ဂျူရီအဖွဲ့က ဆုံဖြတ်ချက်ချ တရားစွဲဆိုသည်။

ကုမ္ပဏီထုတ်ကိုယ်လိမ်းပေါင်ဒါများ သုံးစွဲခြင်းကြောင့် မနှစ်က သေဆုံးခဲ့သည့် ဂျက်ကီဖော့ဆိုသူအမျိုးသမီးအတွက် ဆုံးရှုံးပျက်စီးမှုလျော်ကြေး အမေရိကန်ဒေါ်လာ ၁၀ သန်းနှင့်   ပြစ်ဒဏ်လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၆၂ သန်း မိသားစုထံ ပေးလျော်ရန် မစ်ဆူရီပြည်နယ်တရားရုံး ဂျူရီအဖွဲ့က ကောက်ချက်ချခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီထုတ် ကျန်းမာရေးသုံး ထုတ်ကုန်များက ကင်ဆာဖြစ်ပွားစေနိုင်ပြီး သုံးစွဲသူများအား သတိပေးရန် ပျက်ကွက်ပြီး ဆယ်စုနှစ်ကြာ ရှိလာပြီးမှ ဂျူရီအဖွဲ့အနေဖြင့် ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးရာကုန် ပစ္စည်းများထုတ်လုပ်သည့် ယင်းကုမ္ပဏီအား ပထမဆုံးအဖြစ် ဆုံးရှုံးနစ်နာမှုလျော်ကြေးပေးရန် အမိန့်ချမှတ်ခြင်းဖြစ်သည်။

သုတေသနပြုချက်များအရ ကလေးပေါင်ဒါများနှင့် ရေချိုးခန်းသုံးထုတ်ကုန်များက သားအိမ်ကင်ဆာဖြစ်မှုနှင့် နှီးနွှယ်စပ်ယှက်မှုရှိကြောင်း အတည်ပြုမှုများဖြင့် တရားစွဲဆိုမှုပေါင်း ၁၂၀၀ ခန့်ကိုလည်း ကုမ္ပဏီက ရင်ဆိုင်နေရလျက်ရှိသည်။

ယခုသေဆုံးသူ ဂျက်ကီဖော့သည် နံနက်တိုင်း ကုမ္ပဏီထုတ် ပေါင်ဒါကို သုံးစွဲလာခဲ့သည်က ကင်ဆာဖြစ်လာချိန်အထိဖြစ်ကြောင်း၊ အသက် ၆၂ နှစ်တွင် ယင်းမကွယ်လွန်မီ ခြောက်လခန့်အလိုက တရားရုံးတွင် သက်သေထွက်ဆိုသွားခဲ့သည်။

Johnson & Johnson ကုမ္ပဏီထုတ် ကုန်များကို အမေရိကန် အိမ်ထောင်စုပေါင်း၏ ၁၉ ရာခိုင်နှုန်း သုံးစွဲမှုရှိနေကြကြောင်း သုတေသနတစ်ရပ်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly