မရမ်းကုန်းမြို့နယ်မှူးကို ပြန်တရားစွဲမည်ဟု ၈၈ငြိမ်းပွင့်မှ မနီလာသိန်းကပြော

မရမ်းကုန်းမြို့နယ်မှူးကို ပြန်တရားစွဲမည်ဟု ၈၈ငြိမ်းပွင့်မှ မနီလာသိန်းကပြော
ဓာတ်ပုံ-သက်ကို
 

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄ ။            ။ လုံလောက်သည့် စုံစမ်းစစ်ဆေးမှုမပြုလုပ်ပဲ တရားခံပြေးကြေညာခဲ့သည့်အတွက် မရမ်းကုန်းမြို့နယ်ရဲမှူးအား တရား ဥပဒေအရ ပြန်လည် တရားစွဲဆိုသွားမည်   ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် မနီလာသိန်းက ပြောသည်။

 ဖေဖေါ်ဝါရီ ၂၄ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးတွင် ပုဒ်မ(၁၈)ဖြင့် ရုံးထုတ်စစ်ဆေးစဉ် မနီလာသိန်း က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 " စခန်းမှူး ဦးသန်းဝင်းကို ဥပဒေကြောင်းအရ တရားစွဲဆိုသွားမယ်လို့ တရားရုံးမှာ တရားဝင်ထွက် ဆိုခဲ့ပါ တယ်။ ဒါကိုလည်း စခန်းမှူးဦးသန်းဝင်းက လက်ခံတယ်လို့ ပြန်ဖြေပါတယ်ရှင့်"ဟု ၎င်းက ပြောသည်။

မနီလာသိန်းအပါအဝင် ဗကသအဖွဲ့ချုပ်မှ ကိုဂျိမ်းနှင့် မဖြိုးဖြိုးအောင်တို့ကို ၂၀၁၅ခုနှစ် ဖေဖေါ်ဝါရီလ အတွင်း က လက်ပံတန်းကျောင်းသားသပိတ် ထောက်ခံသည့်အနေဖြင့် သမိုင်းလမ်းဆုံတွင် ဆန္ဒပြခဲ့သည့်အတွက် မ ရမ်းကုန်းမြို့နယ် စခန်းမှူး ဦးသန်းဝင်းက တရားလိုပြုလုပ်၍ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

"မနီလာသိန်းကို တရားခံပြေးကြေညာတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှု မပြုပဲနဲ့ အောက်ခြေက နယ်ထိမ်းတွေ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေရဲ့   ပြောချက်အရ တစ် ခုတည်းနဲ့ တရားခံပြေးကြေညာတယ်ဆိုတာတော့ မမှန်ကန်ဘူးပေါ့ဗျာ။ဒါမဖြစ်သင့်ဘူး။သူ့ဂုသိက္ခာကို ထိခိုက် ညိုးနွမ်းစေတယ်။တရား ဥပဒေစိုးမိုးမှု နိမ့်ကျသွားတယ်ဆိုတဲ့ သဘောပဲဗျ"ဟု အဆိုပါ အမှု၏ ရှေ့နေ ဦးရော ဘတ်ဆန်းအောင်က ပြောသည်။

 တရားလို ရဲမှူး ဦးဝင်းသန်းကို စစ်ဆေးရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပေးသည့် မနီလာသိန်းနေ ထိုင် သည် ဆိုသော လိပ်စာတွင်သာ သုံးကြိမ် သွားရောက်ရှာဖွေခဲ့ပြီး မနီလာသိန်းမည်သည့်   နေရာတွင် နေထိုင်သည်ကို မ သိရှိကြောင်း ထွက်ဆိုသွားသည်။

တရားသူကြီးက မနီလာသိမ်းအနေဖြင့် အာမခံယူလိုက ယူရန်နှင့် ကိုယ်တိုင်ခံဝန်ထိုးလိုက ထိုးရန် ပြောကြားခဲ့ သော်လည်း မနီလာသိန်းအနေဖြင့် အာမခံယူခြင်း ခံဝန်ထိုးခြင်း မပြုလုပ်ခဲ့သည့်အတွက် အင်းစိန်ထောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီဖြစ်သည်။

 " တရားခံပြေးဆိုတာ ဂုဏ်သိက္ခာကို ချတာဗျ။ ကျွန်တော်တို့ ၈၈ မျိုးဆက်သည် ထောင်ကြောက်တဲ့လူမျိုးတွေ မဟုတ်ဘူးဗျ။ အချိန်မရွေးလာဖမ်းလို့ရတယ်။ နောက်ပြီးတော့ မနီလာသိန်းဆိုတာ လူမသိသူမသိ ပုဂ္ဂိုလ်မ ဟုတ်ဘူးဗျ"ဟု မနီလာသိမ်း၏ ခင်ပွန်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီကပြော သည်။

မနီလာသိန်းအပါအဝင် ကိုဂျိမ်းနှင့် မဖြိုးဖြိုးအောင်တို့ သုံးဦးအား ဖေေါ်ဝါရီ ၁၁ ရက်နေ့က မရမ်းကုန်းမြို့ နယ် တရားရုံးတွင် ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ပြီး မနီလာသိန်းကို တရားခံပြေးအဖြစ်   ကြေညာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမှုအား မတ် ၇ ရက်နေ့တွင် ထပ်မံချိန်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required