အိန္ဒိယရှိ ရွာတစ်ရွာက အိမ်ထောင်မရှိသည့် အမျိုးသမီးများအား ဆဲလ်ဖုန်းကိုင်ခွင့်ပိတ်ပင်

အိန္ဒိယရှိ ရွာတစ်ရွာက အိမ်ထောင်မရှိသည့် အမျိုးသမီးများအား ဆဲလ်ဖုန်းကိုင်ခွင့်ပိတ်ပင်

ဂူဂျာရတ်၊ ဖေဖော်ဝါရီ ၂၄ ။           ။ အိန္ဒိယနိုင်ငံရှိ ရွာတစ်ရွာက အိမ်ထောင်မရှိသည့် အမျိုးသမီးများနှင့် အရွယ်မရောက်သေးသည့်မိန်းကလေးများအား ဆဲလ်ဖုန်းပိုင်ဆိုင်ခွင့်အား ပိတ်ပင်လိုက်သည်။

ယင်းပိတ်ပင်မှုအား ချိုးဖောက်နေသည့် အမျိုးသမီးများအား တွေ့ရှိပါက ဒေါ်လာ ၃၀ ဒဏ်ရိုက်မည်ဖြစ်ပြီး သတင်းပေးတိုင်တန်းသူအား ၃ ဒေါ်လာ ဆုချီးမြင့်မည်ဟု သိရသည်။ မိန်ကလေးတွေက ဘာဖြစ်လို့ ဖုန်းလိုမှာလဲ။

"အင်တာနက်ဆိုတာက ကျွန်တော်တို့လို အလယ်အလတ် လူ့အသိုင်းအဝိုင်းအတွက်က အချိန်ကုန် ငွေကုန်သက်သက်ပါ။ မိန်းကလေးတွေအနေနဲ့ လေ့လာမှုနဲ့ အခြားအလုပ်တွေအတွက် အချိန်ကို ပိုပြီးကောင်းကောင်းအသုံးချသင့်ပါတယ်"ဟု ကျေးရွာခေါင်းဆောင်ဖြစ်သူ ဒေ့ဗ်ရှီဗန်ကာက ဟင်ဒူစတန်တိုင်းမ်သို့ ပြောကြားခဲ့သည်။

ဆူရတ်ဂျ်ကျေးရွာရှိ ရွာသူရွာသားများက ပိတ်ပင်မှုကို သဘောတူညီခဲ့ကြပြီး ဆဲလ်ဖုန်းများသည် လူငယ်များက ချစ်သူခိုးရာနောက်သို့လိုက်ရန် သုံးနေသည့် ကိရိယာများဖြစ်သည်ဟု ရှုမြင်နေကြသည်။ မိန်းကလေးများကို မိဘများ၏ ကြီးကြပ်မှုအောက်တွင် ဆဲလ်ဖုန်းသုံးခွင့်ပေးထားသည်ပြီး ကောလိပ်ကျောင်းသူများကိုမူ ပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ပေးသည်။

"ကောလိပ်ကျောင်းသူတွေကတော့ အကောင်းအဆိုးခွဲတတ်တဲ့ အထိရင့်ကျက်နေပါပြီ။ နောက်ပြီး ကောလိပ်က ရွာမှာမရှိဘဲ မြို့ကြီးတွေမှာ ဆိုတော့ မိဘတွေနဲ့ ဆက်သွယ်ဖို့ သူတို့မှာ ဖုန်းလိုတယ်လေ"ဟု ဗန်ကာက ပြောသည်။

မိန်းကလေးများအား ပိတ်ပင်ခြင်းမှာ ကျောင်းစာဘက် စိတ်မရောက်ခြင်းအား ကာကွယ်ရန်နှင့် အရွယ်ရောက်အမျိုးသားများက မက်ဆေ့ဂျ်များဖြင့် မနှောက်ယှက်စေရန်ဖြစ်သည်ဟု ဗန်ကာကဆိုသည်။ အပြစ်ကင်းစင်သည့် မိန်းကလေးများအား ဖုန်းမှတဆင့်ဖျားယောင်းခြင်းအား ကာကွယ်ရန်လိုကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required