အင်ဒိုနီးရှားက ပြည့်တန်ဆာရပ်ကွက်အားလုံးကို ၂၀၁၉ တွင် ပိတ်ပစ်တော့မည်

အင်ဒိုနီးရှားက ပြည့်တန်ဆာရပ်ကွက်အားလုံးကို ၂၀၁၉ တွင် ပိတ်ပစ်တော့မည်

ဂျာကာတာ၊ ဖေဖော်ဝါရီ ၂၄ ။              ။ ကမ္ဘာ့မွတ်စလင်ဦးရေ အများဆုံးရှိသော အင်ဒိုနီးရှားတွင် ပြည့်တန်ဆာလုပ်ငန်းဆောင်ရွက်မှုကို လုံးဝဖယ်ရှားပစ်ရန် ကြိုးပမ်းသည့်အနေဖြင့် နိုင်ငံရှိ ပြည့်တန်ဆာရပ်ကွက်အားလုံးကို ၂၀၁၉တွင် ပိတ်ပစ်ရန် စီစဉ်ထားကြောင်း လူမှုရေးဝန်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ ဂျာကာတာပို့စ်က ဖေဖော်ဝါရီ ၂၃ရက်နေ့ နောက်ပိုင်းက ဖော်ပြခဲ့သည်။

ပြည့်တန်ဆာရပ်ကွက် ၆၈ခုကို အစိုးရက ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး နောက်ထပ် ပြည့်တန်ဆာရပ်ကွက် ၁၀၀ခန့်ကို လာမည့်သုံးနှစ်အတွင်း ပိတ်သိမ်းမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ခိုဖီဖာအင်ဒါပါရာဝန်ဆာက ပြောသည်။ တရားဝင်မဟုတ်သော်လည်း ပြည့်တန်ဆာလုပ်ငန်းလုပ်ခြင်းမှာ အင်ဒိုနီးရှား၏ မြို့ကြီးအများစုတွင် အလွန်ပေါများလျက်ရှိသည်။

မြို့တော်၏ မြောက်ပိုင်းရှိ အဓိကပြည့်တန်ဆာရပ်ကွက်ကြီးကို ဂျာကာတာမြို့တော်ဝန်က စတင်ပိတ်သိမ်းလိုက်ပြီဖြစ်သည်။ ဖေဖော်ဝါရီ ၂၈တွင် နှင်ထုတ်မှုများလုပ်ရန် စီစဉ်ထားသည်။ ၂၀၁၄က အရှေ့တောင်အာရှတွင် အကြီးဆုံးပြည့်တန်ဆာရပ်ကွက်ဟု ယုံကြည်ရသည့် ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာရှိ ပြည့်တန်ဆာရပ်ကွက်ကြီးကို ယင်းမြို့၏ မြို့တော်ဝန်က ပိတ်သိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required