မကွေးတိုင်းဒေသကြီးအတွင်း ရေရှားပါးမှုနှင့်ကြုံတွေ့ရနိုင်၍ ကြိုတင်ပြင်ဆင်

မကွေးတိုင်းဒေသကြီးအတွင်း ရေရှားပါးမှုနှင့်ကြုံတွေ့ရနိုင်၍ ကြိုတင်ပြင်ဆင်

မကွေး  ၊ ဖေဖော်ဝါရီလ   ၂၃။            ။ မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာများသို့ ကွင်းဆင်းလေ့လာချက် များအရ ကျေးရွာပေါင်း ၁၄၂ ရွာခန့် ရေးရှားပါးမှုနှင့်ကြုံတွေ့နိုင်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျှက်ရှိကြောင်း မကွေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန့်ကြားရေးမှူး ဦးဇော်လင်းနိုင်က မဇ္ဈိမသို့ ပြောပြသည်။

ရေရှားပါးသည့်ကျေးရွာများနှင့် အနီးစပ်ဆုံးမြစ်၊ချောင်း၊အင်းအိုင် ၊စက်ရေတွင်း၊ ရေတွင်း၊ရေကန်များမှ ရေများကိုသက်ဆိုင်ရာမြို့နယ်မှ မီးသတ်ရေယာဉ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကားများတွင် ၆ ဂါလံရေပုံးများ တင်ဆောင်၍ လိုက်လံပို့ဆောင်ခြင်းများ၊ ပုဂ္ဂလိကမော်တော်ယာဉ်များ၊ ဂါလံ ၁၆၀၀ ဆန့်သည့် ရေကားများဖြင့်လည်း သောက်သုံးရေများဖြန့်ဝေမှုများ   ပြုလုပ်သွားမည်   ဖြစ်ကြောင်း ၎င်းက ပြောသည်။

"အဲဒီကျေးရွာများရဲ့နေ့စဉ် ရေလိုအပ်ချက်များကို တွက်ဆပြီးတော့ တစ်လ ၂ ကြိမ်၊တစ်လ ၄ ကြိမ်၊တစ်ပတ် ၂  ကြိမ် ဖြေရှင်းသွားမယ်။"ဟု၎င်းကဆိုသည်။

ယင်းအပြင် ကျေးလက်ရေတွင်းများ ပျက်ဆီးနေပါက ရေတွင်ပြင်သည့်အဖွဲ့များဖြင့် ချိတ်ဆက်ပေးသွားမည့် အပြင် သောက်သုံးရေများပြတ်လပ်လျှင် ကူညီပေးနိုင်မည့် မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရုံးဖုန်းနံပါတ်များ၊တာဝန်ရှိသူများ၏ဖုန်းနံပါတ်များကို လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြထားမည်ဖြစ်ကြောင်း ဦးဇော်လင်းနိုင်က ရှင်းပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly