ဖေဖော်ဝါရီ ၂၃၊ မန်ချက်စတာ ။ ။ လာမည့်နွေရာသီတွင် ကစားသမားဘဝမှ အာဆင်နယ်ကွင်းလယ်လူ အာတီတာ အနားယူဖြစ်ခဲ့လျှင် နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် မန်စီးတီးသို့ ခေါ်ယူသွားရန် ဂွာဒီယိုလာက စဉ်းစားနေသည်ဟု အိတ်စ်ပရက်စ်သတင်းစာက ဖော်ပြခဲ့သည်။
အသက် ၃၃ နှစ်အရွယ်ရှိ ကစားသမားသည် နည်းပြလိုင်းသို့စတင်ချဉ်းနင်းဝင်ရောက်နေပြီဖြစ်ပြီး အာဆင်နယ်ယူ-၁၃ အသင်း၊ ဝေးလ်ယူ-၁၆ အသင်းတို့တွင် တာဝန်ယူနေသည်။
အာတီတာသည် ဂွာဒီယိုလာ၊ ဘိုင်ယန်ကြံ့ခိုင်ရေးနည်းပြ လောရန်ဇိုတို့နှင့်ရင်းနှီးသူတစ်ဦးဖြစ်ပြီး မကြာသေးမီက ဘိုင်ယန်မြူးနစ်လေ့ကျင့်ရေး ကွင်းသို့သွားရောက်လည်ပတ်ခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။
နည်းပြဂွာဒီယိုလာသည် ရာသီကုန်တွင် ဘိုင်ယန်မြူးနစ်ကို စွန့်ခွာပြီး မန်စီးတီးအသင်းသို့ ပြောင်းရွှေ့မည်ဖြစ်သည်။
Ref; goal.com