နည်းပြသစ်အဖြစ်ကွန်တီနှင့် ချယ်လ်ဆီးသဘောတူခဲ့ပြီဟု သတင်းထွက်

နည်းပြသစ်အဖြစ်ကွန်တီနှင့် ချယ်လ်ဆီးသဘောတူခဲ့ပြီဟု သတင်းထွက်

ဖေဖော်ဝါရီ ၂၃၊ လန်ဒန် ။            ။ ချယ်လ်ဆီးအသင်းသည် အီတလီလူမျိုးနည်းပြ ကွန်တီကို နည်းပြသစ်အဖြစ်ခန့်အပ်ရန် ကာယကံရှင်နှင့် မူအားဖြင့်သဘောတူညီမှုရခဲ့ပြီဟု အီတလီသတင်းစာ ဂတ်ဇက်တာဒယ်လိုစပို့က ဖော်ပြခဲ့သည်။

အသက် ၄၆ နှစ်အရွယ်ရှိ ကွန်တီသည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အီတလီအသင်းကိုဦးဆောင်ကိုင်တွယ်မည်ဖြစ်သော်လည်း ယင်းပြိုင်ပွဲအပြီး၌ စာချုပ်သက်တမ်းကုန်မည်ဖြစ်သည်။

ယင်းကြောင့် ကွန်တီအနေဖြင့် ချယ်လ်ဆီးအသင်းကိုရာသီကုန်ထိကိုင်တွယ်ခွင့်ရထားသည့် လက်ရှိနည်းပြဟစ်ဒင့်၏နေရာတွင် လွတ်လပ်စွာ အစားဝင်နိုင်မည်ဖြစ်သည်။

ကွန်တီသည် ဂျူဗင်တပ်အသင်းကိုသုံးနှစ်တာအတွင်း စီးရီးအေဖလားသုံးကြိမ်ဆက်တိုက်ရယူနိုင်ခဲ့သည့်အပြင် ၁၉၉၆ တွင် ဂျူဗင်တပ် ကစားသမားအဖြစ်နှင့် ချန်ပီယံလိဂ်ဖလားရရှိခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly